images
UN
UN
မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူများ ဝယ်ယူသူမရှိ၍ ဒေသခံတောင်သူများအရှုံးပေါ်
ဝတ်ရည်(မယ့်စဲ) Tuesday, 21 August 2018
ကယားပြည်နယ် ဘောလခဲ ခရိုင် မယ်စဲ့မြို့နယ်တွင် ဆောင်း သီးနှံကြက်သွန်ဖြူများ ယခုအချိန် အထိ ဝယ်ယူသူမရှိ၍ ဒေသခံ တောင်သူများ အရှုံးပေါ်နေကြောင်း ဒေသတွင်းကြက်သွန်ဖြူ စိုက်ပျိုး သူတောင်သူများထံမှ သိရသည်။
''မနှစ်က ကြက်သွန်ဖြူပေါ် ချိန်မှာ အိမ်နီးချင်းထိုင်းနိုင်ငံမှ ကြက်သွန်အစိုကို ကြက်သွန်ခင်း ထဲအထိ လာရောက်ဝယ်ယူကြ တယ်။ တချို့အခြောက်ထားနိုင်တဲ့ တောင်သူတွေဆိုရင် ဈေးကောင်း ပိုရတယ်။ ဒီနှစ် ကြက်သွန်ပေါ် ချိန်ကြက်သွန်အစို လာရောက် ဝယ်ယူသူနည်းသလိုကြက်သွန်များ ခြောက်ပြီး ယခုအချိန်အထိ ဝယ် ယူသူမရှိ၍အရှုံးပေါ်နေကြောင်း'' ကြက်သွန်စိုက် တောင်သူတစ်ဦး က ပြောသည်။
ယခင်နှစ် ကြက်သွန်ဖြူပေါ် ချိန်ကာလတွင် ကြက်သွန်ဖြူအစို တစ်ကီလိုလျှင် ထိုင်းဘတ်၃ဝမှ ၃၅ ဘတ်အထိ လည်းကောင်း၊ အခြောက်တစ်ကီလိုလျှင် ထိုင်း ဘတ် ၁ဝဝမှ ဘတ်၁၂ဝထိ ဈေးရ ပြီး ယခုနှစ်တွင် ကြက်သွန်ဖြူ အစိုတစ်ကီလိုလျှင် ထိုင်းဘတ်၁၃ ဘတ်မှ ၁၅ဘတ်ထိလည်းကောင်း၊ အခြောက်တစ်ကီလိုလျှင် ထိုင်း ဘတ် ၂ဝသာပေါက်ဈေးရှိကြောင်း သိရသည်။
''အရင်နှစ်က တစ်ဖက်ထိုင်း နိုင်ငံက မယ်စဲ့ဒေသထွက် ကြက် သွန်ဖြူတွေကို ဈေးကောင်းပေး ဝယ်တဲ့အတွက် တောင်သူတွေ အမြတ်ရကြတယ်။ဒီနှစ်မှာ အများ အပြားစိုက်ပျိုးပြီး ဈေးကောင်း လည်းမရတဲ့အတွက် အရှုံးပေါ်ကြ တယ်။ ကြက်သွန်ဖြူစိုက်ပျိုးချိန်မှာ စိုက်ပျိုးစရိတ်၊ ပိုးသတ်ဆေး၊ မြေ သြဇာဖိုးတွေနဲ့ဆိုရင် အရင်း ကျပ် ၁ဝ သိန်းကျော်တယ်။ ထိုင်း ကုန်သည်တွေက ဥကြီးတဲ့ ကြက် သွန် တစ်ကီလိုကို ထိုင်းဘတ် ၂ဝ နဲ့ အနည်းငယ်လာရောက်ဝယ်ယူ တဲ့အတွက်ကျွန်မတို့အတွက် တော် တော်အရှုံးပေါ်တယ်''ဟု မယ်စဲ့မှ ကြက်သွန်စိုက်ပျိုးသူ ဒေါ်အေးအေး ထွန်းက ပြောသည်။
မယ်စဲ့မြို့နယ်တွင် နမ့်မန်း၊ ဝမ်ကန်၊ မယ်စဲ့၊ ဟိုစဲ့ကျေးရွာများ တွင် ဆောင်းသီးနှံကြက်သွန်ဖြူကို အများအပြားစိုက်ပျိုးပြီး ပိုးသတ် ဆေးသုံးစွဲမှု နည်းသည့်အတွက် ထိုင်းနိုင်ငံမှမျိုးအနေဖြင့် ဝယ်ယူ ကြသဖြင့် ဒေသထွက် ကြက်သွန် ဖြူများကို ထိုင်းနိုင်ငံသို့ အဓိက အားထားရောင်းချနေရကြောင်း သိရသည်။