images
UN
UN
အဖျောက်မြို့ ပန်းတုန်းပိတ်ကျေးရွာတွင်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်လေးလုံးပျက်စီး
ထွန်းလှိုင်(မြိုင်) Tuesday, 21 August 2018
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် အဖျောက်မြို့ ပန်းတုန်း ပိတ်ကျေးရွာ၌ ယမန်နေ့ နံနက် ၆ နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်/ဓနိမိုး၊ ထရံကာ သုံးပင်လူနေ အိမ်လေးလုံး အမိုးလန်ပျက်စီးပြို ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေရာသို့ တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာသူရွာသားများ က ¤င်းတို့၏ နီးစပ်ရာဆွေမျိုးများ ရှိရာသို့ ပြောင်းရွှေ့ပေးကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ပေးလျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။