images
UN
UN
အမြန်လမ်းမကြီးပေါ်မှ စည်းကမ်းမဲ့ဆိုင်ကယ်များ အရေးယူပေးစေလို
ဒေသခံပြည်သူများ Tuesday, 21 August 2018
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မော်တော်ဆိုင်ကယ်များအပါအဝင် ထော်လာဂျီ၊ သုံးဘီး ဆိုင်ကယ်၊ စက်ဘီး၊ နွားလှည်း၊ မြင်းလှည်း မှအစ လုံးဝမောင်းနှင်သွားလာခြင်း ခွင့်မပြုထား သော်လည်း ယခုရက်ပိုင်းအတွင်း အမြန်လမ်းမကြီး တောင်ငူ-ရန်ကုန် လမ်းပိုင်းအတွင်း မော်တော်ဆိုင် ကယ်များသည်ဆိုင်ကယ်စီးဦးထုပ်မပါ၊ သုံးယောက် တွဲ၊ လေးယောက်တွဲစီးနင်းခြင်း၊ ပစ္စည်းများအဆ မတန် တင်ဆောင်စီးနင်းခြင်းနှင့် လမ်းပြောင်းပြန်စီး နင်းခြင်းများရှိနေကြသဖြင့် ယာဉ်မတော်တဆမှုဖြစ် မည်ကို စိုးရိမ်ကြရ၍ ယာဉ်မောင်းများအနေဖြင့် အထူးဂရုပြုမောင်းနှင်နေကြရပြီး သက်ဆိုင်ရာအမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှလိုအပ်သလို အရေးယူဆောင် ရွက်ပေးစေလိုကြောင်း ယာဉ်မောင်းများထံမှ သိရ သည်။