images
UN
UN
သံဖြူဇရပ်တွင် လေဆင်နှာမောင်းတိုက်ခတ် နေအိမ်အချို့ပျက်စီး
နိုင်နိုင်(မွန်) Tuesday, 21 August 2018
မွန်ပြည်နယ် သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်၌ ယမန်နေ့ ည ၁၁ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကြံ့ခိုင်ရေးရပ်ကွက် စကားဝါလမ်းနှင့် နှင်းဆီ လမ်းအတွင်းရှိ နေအိမ် ၂၄ လုံးခန့်တို့မှ သွပ်အမိုးများအနည်းငယ် လန်ထွက်ပျက်စီးခြင်း၊ လျှပ်စစ်ဓာတ်မီးတိုင်ပေါ်သို့ သစ်ကိုင်းများ ကျိုးကျပြီး ရပ်ကွက်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှိုင်မျိုးကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးတို့က ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။