images
UN
UN
ရန်ကုန်-မော်လမြိုင်-ထားဝယ်လမ်းပိုင်း ရထားခရီးစဉ်ပုံမှန်အတိုင်းစတင်ပြေးဆွဲ
မောင်စိန်ဝင်း Tuesday, 21 August 2018
ရန်ကုန်-မော်လမြိုင်-ထားဝယ် ရထားလမ်းပိုင်းဖြစ်သော နှင်းပုလဲ ဘူတာနှင့် ဒုံဝန်းဘူတာကြားရှိ ရေတိုက်စားခံခဲ့ရသည့်ရထားလမ်း ပိုင်းအားမြန်မာ့မီးရထားက၂၁ရက် ကြာ ပြုပြင်ဆောင်ရွက်ခဲ့ပြီးနောက် ရန်ကုန်-မော်လမြိုင်-ထားဝယ် လမ်းပိုင်းခရီးစဉ်အား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပုံမှန်ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့်အဆိုပါ လမ်းပိုင်းရှိ တံတားရေလယ်တိုင် တစ်ခုမှာ ကျိုးကျပျက်စီးခဲ့ရ ကြောင်းနှင့် ရေတိုက်စားခဲ့သဖြင့် ရထားလမ်းပိုင်းမှာ ပတ္တလားပုံစံ ပျက်စီးခဲ့ရကြောင်း၊ တံတားအသစ် ဆောက်လုပ်လျှင် အချိန်ကြာမြင့် မည်ဖြစ်သည့်အတွက်Light Steel Structure သံချောင်းများထောက် ကာခိုင်ခံ့စေရန် တံတားကိုကျော်၍ ယာယီသံပေါင်တံတားအား ပြုပြင် ဆောင်ရွက်ခဲ့ရကြောင်းနှင့်သံပေါင် တံတားကို ပိုမိုခိုင်ခံ့စေရန် ဖန်တီး ပြုလုပ်၍ ပေ ၁ဝဝ ပတ်ဝန်းကျင် အကျယ် ရထားဖြတ်သန်းသွားလာ နိုင်စေရန်စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှသိရသည်။