images
UN
UN
ဆီးရီးယားတွင် ကုလသမဂ္ဂအဖွဲ့များကို အလျင်စလို လုပ်ဆောင်ခွင့်မပေးရန် တိုက်တွန်း
Tuesday, 21 August 2018
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဘရော့ဗ်က ဆီးရီးယားနိုင်ငံအတွင်း ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် ကုလ သမဂ္ဂအဖွဲ့အစည်းများကို အလျင်စလို လုပ်ဆောင်ခွင့်မပေးရန် တိုက် တွန်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဆီးရီးယားနိုင်ငံအတွင်း၌ တိုက်ပွဲများဖြစ်ပွားမှု နည်းပါးနေပြီဖြစ် ၍ မြို့ကြီးများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆောင် ရွက်ရန် ကြိုးပမ်းလျက်ရှိရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက ပူး ပေါင်းပါဝင်ရန် တောင်းဆိုနေသောကြောင့် လာဘရော့ဗ်က သတိပေး ခဲ့ခြင်းဖြစ်သည်။ လာဘရော့ဗ်က '' ဆီးရီးယားနိုင်ငံမှာ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ ကြိုးစားရတော့မှာဖြစ်ပေမယ့် ကုလသမဂ္ဂအဖွဲ့အစည်းတွေကို အချိန်မတိုင်ခင် ပါဝင်ခွင့်ပေးတာမျိုး မလုပ်သင့်ပါဘူး။ ယူနက်စကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပယ်လ်မိုင်ရာလို နေရာမျိုးမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ လိုအပ်တာမှန်ပေမယ့် ဆီးရီးယားမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ လုပ်ပြီးတော့မှပဲ ကုလ သမဂ္ဂအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်ခွင့်ပေးသင့်ပါတယ်''ဟု ပြောသည်။ NG(Ref; Reuters)