images
UN
UN
ညောင်တုန်းမြို့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ လူနေအိမ် ၅၈ လုံး ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ
ဝဠာနိုင်(ညောင်တုန်း) Tuesday, 21 August 2018
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် မြမ္မာပြာသာ ကျေးရွာအုပ်စု ရွာသာကြီးကျေးရွာ ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ
ကမ်းခြေမှအလျားပေ ၁ဝဝဝ၊ အနံပေ ၄ဝဝ ခန့် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယင်းမြစ်ကမ်းပါး ပြိုကျသည့်နေရာနှင့်နီးစပ်လျက် ရှိသည့်လူနေအိမ် ၅၈လုံး၊ အိမ်ထောင်စု ၅၈ စု၊ လူဦးရေ ၂၃၃ ဦးတို့၏နေအိမ်များအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၅၈ လုံးအား မြစ်ကမ်းနှင့်ဝေးရာတွင်တည်ရှိသော ၄င်းတို့၏ကိုင်းမြေများတွင် နေရာချထားပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်း ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။