images
UN
UN
တနင်္သာရီတိုင်းတွင်ဆောက်လုပ်မည့် စာသင်ကျောင်းတစ်ရာကျော်ရပ်နားထား
Dawei Watch Tuesday, 21 August 2018
တနင်္သာရီ တိုင်းဒေသကြီး အတွင်း ပြည်ထောင်စုငွေလုံးငွေ ရင်းရန်ပုံငွေဖြင့် ဆောက်လုပ်ခွင့် ရရှိထားသောစာသင်ကျောင်း ၁၂၂ ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ ၁၂ ဆောင်ဆောက်လုပ်မည့်လုပ်ငန်း များ ရပ်နားထားရကြောင်း တိုင်း ဒေသကြီးပညာရေးမှူးရုံးထံမှ သိရ သည်။
ယင်းကျောင်းဆောင်များ ဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိပြီးမှ ပညာရေးဝန်ကြီးဌာနတွင် ဘဏ္ဍာ ငွေမလောက်ငဟူသော အကြောင်း ပြချက်ဖြင့် ပညာရေးဌာန(ဆောက် လုပ်ရေး)လုပ်ငန်းများ ဆိုင်းငံ့ထား ရန် ဇွန်လတတိယအပတ်တွင် ညွှန် ကြားလာသဖြင့် ရပ်နားထားခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးပညာ ရေးမှူး ဒေါ်မြင့်စိန်ကပြောသည်။
''ကျောင်းတွေဆောက်ဖို့ ခွင့် ပြုချက်ရပြီးမှ ရပ်နားခံလိုက်ရ တယ်ဆိုတော့ ဒီမှာက အန္တရာယ်ရှိ တဲ့ကျောင်းဆောင်တွေ ဖျက်ပစ် လိုက်တဲ့အခါကျတော့အဲဒီကျောင်း ကကျောင်းသားတွေ အခက်အခဲ ဖြစ်သွားတာပေါ့''ဟု ဒေါ်မြင့်စိန် ကပြောသည်။
လက်ရှိအခြေအနေတွင် ယင်း အဆောက်အအုံများ ဆောက်လုပ် ရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။
အန္တရာယ်ရှိကျောင်းအချို့ကို ဖြိုဖျက်ထားရပြီး ကုမ္ပဏီများ၏ မြေပြင်ဆောက်လုပ်ရေးလုပ်ငန်း များ မစတင်သေးသည့်အခြေအနေ တွင် ရပ်နားထားရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးထံ မှ သိရသည်။
ယင်းကဲ့သို့ စာသင်ကျောင်း ဆောင်များဆောက်လုပ်မည့်လုပ် ငန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကျောင်းသားများ အမိုး၊ အကာ လုံခြုံမှုမရှိဘဲ ပညာသင်ကြားနေရ ကြောင်း ကျောင်းဆောင်ဆောက် လုပ်ရေး ရပ်နားခံလိုက်ရသည့် လောင်းလုံးမြို့နယ် ပန်းဒလဲကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြောသည်။
''အစိုးရအနေနဲ့ပေါ့နော် ပညာ ရေးဘတ်ဂျက်ကို တကယ့်လိုအပ် နေတဲ့ကျောင်းတွေကို ချပေးစေချင် တယ်။ အခုက ကြေညာပြီးမှ ပြန် ပလပ်လိုက်တာမဖြစ်သင့်ဘူး။ကြေ ညာထားတဲ့အတိုင်းပဲ လုပ်စေချင် တယ်''ဟုဦးမင်းသိန်းကပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ ကျေး ရွာအချို့တွင် ကျောင်းသားဦးရေ များလာသဖြင့် ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်များ ဆောက် လုပ်ပြီး ကျောင်းဆောင်မရှိသည့် အခက်အခဲကို ဖြေရှင်းလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် စာသင်ကျောင်းနှင့်ဝန်ထမ်း အိမ်ရာ ၂၂ဝ ဆောက်လုပ်ရန် တင် ပြခဲ့ရာ ၁၃၄ ခုဆောက်လုပ်ရန်ခွင့် ပြုပြီးမှ ပြန်လည်ရုပ်သိမ်းခံလိုက် ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။