images
UN
UN
ကမမောင်းမြို့၌ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရေဝင်ရောက်
Wednesday, 22 August 2018
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့၌သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက် ကျေးရွာအချို့ တွင် ဒုတိယအကြိမ် ရေကြီးရေလျှံ မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိ ရသည်။
သံလွင်မြစ်ရေ မြင့်တက်မှု ကြောင့် ကမမောင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါးသို့ ရေဝင် ရောက်လျက်ရှိပြီး ကမမောင်းမြို့ မိတ္ထီလာကျေးရွာရှိ ကားလမ်းမ ပေါ်တွင် ရေအမြင့်လေးပေကျော် ခန့်မြင့်တက်လျက်ရှိပြီး ရေပြင် အကျယ်မှာ ပေ ၅ဝဝအထိ ကျယ် ပြန့်လျက်ရှိ၍ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ယာယီ ဖြတ်သန်းသွားလာခွင့် မပြုတော့ ကြောင်း သိရသည်။ သံလွင်မြစ် ရေမြင့်တက်မှုကြောင့် ကမမောင်း မြို့၌ ရေဘေးရှောင်စခန်းနှစ်ခု ဖွင့် လှစ်ထားလျက်ရှိပြီး အဆိုပါရပ် ကွက်၊ ကျေးရွာများရှိ ရေဘေး ရှောင် စုစုပေါင်းအိမ်ထောင်စု ၁၅၃ စု လူဦးရေ ၆၃ဝတို့မှာ သက်ဆိုင် ရာရေဘေးရှောင်စခန်းအသီးသီး တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိ ကြောင်း၊ ယခုအခါ ဒုတိယအကြိမ် သံလွင်မြစ်ရေ မြင့်တက်လာသော ကြောင့် ကျန်ရှိနေသေးသည့် ရပ် ကွက်၊ ကျေးရွာများရှိ အိမ်ထောင် စုများအားဘေးလွတ်ရာသို့ပြောင်း ရွှေ့နိုင်ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုများ ကြောင့်ဒေသခံပြည်သူများအနေဖြင့် ကမမောင်းမြို့မှဘားအံ၊ကမမောင်း မြို့မှဖာပွန်မြို့သို့သွားလာရန်ခက်ခဲ ကာ ကုန်စည်စီးဆင်းမှုများ နှောင့် နှေးလျက်ရှိကြောင်း သိရသည်။