images
UN
UN
မိုးရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ဒုတိယအကြိမ်ရေပြန်ကြီး စာသင်ကျောင်းအချို့ ပြန်ပိတ်ထားရ
ဖြိုးကိုလင်း(ညောင်ဝိုင်း) Wednesday, 22 August 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ကျောက်ကြီးမြို့နယ် နှင့်ဖြူးမြို့နယ်တို့တွင် မိုးအဆက် မပြတ် ရက်ဆက်ရွာသွန်းမှုကြောင့် ကျေးရွာများတွင် ရေပြန်လည်မြင့် တက်လာပြီး လူနေအိမ်၊ စာသင် ကျောင်းများရေလွှမ်းလျက်ရှိသည်။
ယခုလအတွင်း မိုးအဆက် မပြတ်ရွာသွန်းမှု၊ စစ်တောင်းမြစ် ရေမြင့်တက်လာမှုကြောင့် လူနေ အိမ်များ ရပ်ကွက်များအတွင်း ရေ များဝင်ရောက်ကာ စာသင်ကျောင်း အချို့ အရေးပေါ် ပိတ်ထားရပြီး လယ်ယာစိုက်ခင်းများ ရေနစ်မြုပ် နေ၍ ကျောက်ကြီးမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်ထားရသည်။
ထို့ပြင် ကျောက်တံခါး မြို့နယ် အတွင်းရှိ တံတားအချို့မှာလည်း အမှိုက်နှင့်ဒိုက်များ အဆမတန် ရေ စီးနှင့်မျောပါနေမှုကြောင့် တံတား များမပျက်စီးစေရန်အတွက်ဒေသခံ များကလူအင်အားဖြင့်အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ ကြိုးများ ဖြင့် ဆွဲထားရခြင်း၊ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းမကြီး ရေ ကျော်နေခြင်း၊ စစ်တောင်းမြစ်ကမ်း နံဘေးရှိကျေးရွာများရှိ လူ၊တိရစ္ဆာန် များမှာလည်း ယခုရက်ပိုင်းအတွင်း ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်း နေပြီး ယခုရေကြီးမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီးပထမအကြိမ် မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးထား သော လယ်ယာစိုက်ခင်းများ ပျက် စီးခဲ့ရသည်။
ပထမအကြိမ်ရေကြီးမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် လေးခုရှိကျေးရွာအုပ်စု ၆၄၆ အုပ်စု ၌ တောင်သူ ၉၈၉၉၆ ဦး စိုက်ပျိုး ထားသော လယ်ယာစိုက်ပျိုးဧက ၄၉၇၇ဝ၆ ဧကအနက် ၁၃၇ဝ၁၉ ဧကခန့်မှာပျက်စီးခဲ့ကြောင်းသတင်း များအရသိရပြီး ပဲခူးမြစ်ရေနှင့် စစ် တောင်းမြစ်ရေ တို့မှာလည်း ဆက် လက်တိုးမြင့်နေပြီးအနိမ့်ပိုင်းကျေးရွာ ရပ်ကွက်များအတွင်းသို့ မြစ်ချောင်း ရေများ ယခုလ ၂ဝရက်ညပိုင်းမှ စတင်၍ ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။