images
UN
UN
အမြင့်သဘင်အဖြစ်ထင်ရှားခဲ့သော မြန်မာ့ရုပ်စုံ (သို့မဟုတ်) မြန်မာ့ရုပ်သေးအနုပညာ
မြမဉ္ဇူဝေ(ကျုံမငေး) Saturday, 25 August 2018
''မြန်မာ့ရုပ်သေး''ဟု အမည်တွင်ခဲ့ သော အနုပညာလုပ်ငန်း၏ အမည်ခွဲမှာ ''ရုပ်စုံသဘင်''ဖြစ်ပါသည်။ ''ရုပ် သေး''ပညာသည် သိမ်မွေ့လွန်းလှပြီး ခက်ခက်ခဲခဲလည်းရှိ၏။ ထို့ပြင် ''မြန် မာ့ဇာတ်သဘင်'' ပညာများထက်လည်း ရှေးကျကြောင်း မှတ်သားရပြီး ယန္တရား ရုပ်တို့နှင့် အသုံးပြုသည့်ရုပ်သေးအတတ် တို့လည်း ရှိခဲ့ကြောင်းကိုပါ လေ့လာမှတ် သားသိရှိရပါသည်။
ရှေးအခါက ဇာတ်သဘင်သည် မြေ ဝိုင်းဇာတ်အဖြစ်သာ ကပြခဲ့ရသောအချိန် တွင် မူရင်းဝေါဟာရ အသုံးအနှုန်းမှာ ''ရုပ်စုံ''ပင်ဖြစ်၏။ ထိုရုပ်စုံသဘင်တွင် ''အရုပ်ကြီး''များကို သုံးခဲ့ကြပြီး တချို့ သည် ''အရုပ်သေး''များကိုလည်း အသုံးပြုတတ်သောကြောင့် ''ရုပ်ကြီး စင်''...''ရုပ်သေးစင်''ဟုခေါ်ခဲ့ကြ၏။
''ရုပ်ကြီးစင်''...''ရုပ်သေးစင်'' ဟု အမည်တွင်၍ အသုံးပြုနေသော ''အရုပ်''များကို လေ့လာမည်ဆိုသော် ရုပ်ကြီးစင်မှာ အရုပ်ကြီးများကို အသုံး ပြုမှုတွင် ကြိုးဆွဲဆရာများအတွက် ပင် ပန်းလှသောကြောင့် နောက်ပိုင်းအသုံး နည်းကာ အရုပ်သေးများဖြင့် ပေါ့ပါးစွာ ကပြကြသောအခါ ပင်ပန်းမှုနည်းကာ ကကြိုးမျိုးစုံကိုလည်း ကပြနိုင်ကြသဖြင့် ကြိုးဆွဲဆရာများလည်း သက်သာမှုရှိ ကြ၏။ ဤသို့ဖြင့် တဖြည်းဖြည်း ''ရုပ် စုံ''ဟူသော အသုံးအနှုန်းလည်း ကွယ် ပျောက်သွားခဲ့၏။
မြန်မာဘုရင်များထက်လက်အခါက ''ရုပ်သေး''ကို အထူးအားပေးချီးမြှင့်ခဲ့ ၏။ နန်းတွင်း၌ စင်တော်ကြီး၊ စင်တော် ကလေးဟူ၍ သီးခြားထားကာ ကပြစေ ခဲ့ပြီး ဘုရင့်ရှေ့တော်တွင် ကပြအသုံး တော်ခံရသဖြင့်စည်းကမ်းလည်းကြီးခဲ့၏။ သဘင်စည်းကမ်းအဖြစ် လိုက်နာခဲ့ရ၏။
ပုဂံအနော်ရထာမင်းလက်ထက်တွင် မင်းကြီးကိုယ်တိုင် သာသနာကို လေး စားရိုသေသည့် မင်းတစ်ပါးဖြစ်သည့် အလျောက် စားပွဲသဘင်၊ မင်းပွဲသဘင်၊ ပျော်ပွဲသဘင်တို့ကို အဘိဓမ္မာတရားတော် နှင့်အညီ ဆင်ယင်စေခြင်း၊ သဘင်ပွဲကို လည်း တရားတော်နှင့်အညီ ကြပ်မတ် ခဲ့၏။
မြန်မာနိုင်ငံတွင်ရုပ်သေးအတတ်များ ပေါ်ပေါက်ခဲ့သည်မှာ ကာလကြာမြင့်ခဲ့ ပြီဟု ဆိုကြသော်လည်း အင်းဝခေတ် ထက် စောသောအထောက်အထားများ မတွေ့ရသဖြင့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ တို့ထက် နောက်ကျသည်ဟုလည်း ရှေး သဘင်ပညာရှင်များက ဆိုပါသည်။
မြန်မာဘုရင်များ လက်ထက်က စတင်တည်ရှိနေခဲ့သော ''ရုပ်သေး'' ပညာများသည် ဥပါဟရုဏ်အားဖြင့် စင် ပေါ်တွင် လက်ဝဲရုပ်၊ လက်ယာရုပ် မရောနှောဘဲ သီးသန့်ထားရ၏။ စင်ပေါ် သို့လည်း အမျိုးသမီးများမတက်ရ၊ ရုပ် သေးသဘင်တွင် မိန်းကလေးများမပါ ဝင်ခဲ့ရသဖြင့် ဇာတ်ဝင်ခန်းတွင်ပါရှိသော အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမျိုး သားရုပ်သေးပညာရှင်များကသာ အမျိုး သမီးများအဖြစ် သရုပ်ဆောင်ကြရ၏။ စင်ပေါ်သို့ ရောက်သောအခါ ဆံပင်ထုံး ၍ ခေါင်းပေါင်းဖြူဖော့လုံးများ ပေါင်း ရသည်။ကပြနေစဉ် အရုပ်ကြိုးများမပြတ် ရ၊ ခါးအောက်နိမ့်ကျသောစကားလုံးများ ကိုမသုံးနှုန်းရ၊ မင်းသား မင်းသမီး အရုပ် များကို ကြိုးဆွဲဆရာက ''ခြေထိုး'' ၍ ကြိုးမဆွဲရဆိုသော စည်းကမ်းကို လည်း သတ်မှတ်ထား၏။
ထို့ကြောင့် ရုပ်သေးပညာသည် အလွန်စည်းကမ်းကြီးသော ပညာဖြစ် သည့်အပြင် သဘင်မှု အနုပညာလောက တွင် ခိုင်မာသော အနုပညာအဖြစ် ထင် ပေါ်ခဲ့၏။ ဤမျှစည်းကမ်းကြီးသော ရုပ် သေးအနုပညာကို လေ့လာမည်ဆိုလျှင် ရုပ်သေးရုပ်ဟုအမည်တွင်သော ''မြန်မာ့ ရုပ်စုံသဘင်''သည် အင်းဝခေတ်မှ စတင်ထွန်းကားခဲ့သည်ဟုလည်း သိရှိ မှတ်သားရပြန်၏။ ထို့ကြောင့် ရုပ်သေးအနုပညာလုပ်ငန်းသည် လွန်ခဲ့ သောနှစ်ပေါင်း ၆ဝဝ ကျော်အခါကဟု ဆိုရမှာဖြစ်ပါသည်။
ရှေးအခါက ရုပ်သေးရုပ် (မင်းသား/ မင်းသမီး)ကို ရုပ်သေးမင်းသားဦးဖုန်းမို က ကြိုးခြောက်ကြိုးဖြင့် ဆွဲရကြောင်း နောက်ပိုင်းတွင် ဦးဝင်း(မြင်းခြံ)က ကြိုး ပေါင်း ၆ဝ ဖြင့် ထွင်ခဲ့သည်ဟုလည်း မှတ်သားရသောကြောင့် ရုပ်သေးအနု ပညာတွင် ဤမျှကြိုးများသည်ကို အံ့ သြခဲ့ရပြီး လေ့လာလိုက်သောအခါ တွေ့ ရသည်မှာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ် ကျေးမှုတက္ကသိုလ်မှ ဆရာဦးရွှေကြည် (ရုပ်သေးကထိက)၏ဖခင် ဦးကျော်မြ သောင်း(အကနည်းပြပန်တျာ)၏ မှတ်စု တွင် ကကြိုးကကွက် အနု(၃ဝ)နှင့် အကြမ်း(၃ဝ)ဖြစ်ပြီး အနုစိတ်တစ်မျိုးချင်း ဖော်ပြထားပါသည်။


အနု ၃ဝ ကြိုးများ
၁။ ကိန္နရာမီးပန်းဆွဲကြိုး
၂။ ပုဆိုးကောက်ကြိုး
၃။ ရင်ထုကြိုး
၎။ အရုပ်ရှေ့တက်ကြိုး
၅။ နောက်ဆုတ်ကြိုး
၆။ ပန်းစိုင်းလက်လှည့်ကြိုး
၇။ ကန်တော့ကြိုး
၈။ ပန်းကုန်းဆွဲကြိုး
၉။ ပဝါကောက်ကြိုး
၁ဝ။ ရင်ခတ်ကြိုး
၁၁။ စင်ရော်တောင်လက်ပစ်ကြိုး
၁၂။ ဟင်္သာစာကောက်ကြိုး
၁၃။ တုပ်ကြိုး
၁၄။ တစ်ဘက်(ဖက်)ပလို့ကြိုး
၁၅။ နှစ်ဖက်ပလို့ကြိုး
၁၆။ မေးထိုးကြိုး
၁၇။ တင်လှုပ်ကြိုး
၁၈။ ရင်လှုပ်ကြိုး
၁၉။ ဘေးဘယ်ရွှေ့ကြိုး
၂ဝ။ ဘေးညာရွှေ့ကြိုး
၂၁။ သုံးကွက်နင်းကြိုး
၂၂။ လေးကွက်နင်းကြိုး
၂၃။ တစ်စွေ့ခုန်ကြိုး
၂၄။ နှစ်စွေ့ခုန်ကြိုး
၂၅။ စုံလက်ပစ်ကြိုး
၂၆။ တစ်ဖက်ချင်းလက်ပစ်ကြိုး
၂၇။ အမျှော်စိုက်ကြိုး
၂၈။ ဟန်ကြိုး
၂၉။ ခြေဖျားခတ်ကြိုး (ရှမ်းသိုင်းက)
၃ဝ။ သရုပ်ဆောင်ကြိုး
အကြမ်း ၃ဝ ကြိုးများ
၁။ ဘီလူး - သုံးကြိုး
၂။ ဇော် - သုံးကြိုး
၃။ မျောက် - သုံးကြိုး
၎။ ဝန် - သုံးကြိုး
၅။ အမေကြီးအိုအက - သုံးကြိုး
၆။ မြင်း - သုံးကြိုး
၇။ ဂဠုန် - သုံးကြိုး
၈။ နဂါး - သုံးကြိုး
၉။ ကျား - သုံးကြိုး
၁ဝ။ ဆင် - သုံးကြိုး
ရုပ်သေးအကနှင့်ပတ်သက်သော စာ ချိုးတစ်ခုလည်း ပေါ်ပေါက်ခဲ့သည်မှာ 'အရုပ်ကောင်းလျှင် ကြိုးပျောက်သည်။ ကြိုးပျောက်အောင် ဆွဲတတ်မှရသမြောက် သည်'ဟု ရှေးရုပ်သေးပညာရှင်များက ဆိုကြသော စကားကိုလည်း မှတ်သားမိခဲ့ ပါသည်။ ရုပ်သေးကြိုးဆွဲပညာတွင် ကြိုး ချခြင်းသည်(လက်)ထဲသို့ ကြိုးချခြင်းဖြစ် သည်။ ချသည့်ကြိုးကို ပြန်ကောက်ရန် ရှာရမည့်အခက်အခဲများရှိ၏။ တေးသွား အရ ကကြိုးဆင်သည့် အဆိုတီးလုံး ကကြိုးကကွက်ပြောင်းပေးပြီး ကကြိုးပြန် ရှာ၊ ကကြိုးပြန်ကောက်ရန်ဖြစ်သော် လည်း ကြိုးရှာမရဖြစ်တတ်သည်။ ထို့ ကြောင့် စာချိုးတစ်ချိုးပေါ်ခဲ့ပြန်၏။ ''မိုးဆင်တို့ကြိုးပြင်တာနဲ့ မကလိုက်ရ'' ဟူသော စာချိုးပါတည်း။
လွတ်လပ်ရေးခေတ်ဦးပိုင်းတွင် မြန်မာ့ရုပ်သေးပညာကို ထိန်းသိမ်းထား သူမှာ ရုပ်သေးမင်းသားကြီးရွှေဘိုဦး တင်မောင်ဖြစ်ပြီး တစ်ဦးတည်းသော ပညာရှင်လည်း ဖြစ်ခဲ့၏။ နောက်ပိုင်း ကာလတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲမှ ရုပ်သေးပညာရပ်တို့ကို ဆက်လက်ထိန်း သိမ်းခဲ့ပါသည်။
ရုပ်သေးရုပ်များကိုလည်း ၂၄လက်မ အရွယ်နှင့် အသားနုတ်ယူ၍ ပေါ့ပါးစေ ရန်ပြုလုပ်လာသည်ဟုလည်း မှတ်သားရ ပြန်ပါသည်။ အရုပ်များ၏အသားမှာ သစ်သားဖြင့်ပြုလုပ်ပြီး အတွင်းသားမရှိ (အပွ)ရုပ်ဖြစ်လာ၏။ နောက်ပိုင်း၌ အဝတ်ဖြင့်ပြုလုပ်သောအရုပ်များဖြစ်လာ ခဲ့၏။ အရေးကြီးသတိမူရန်မှာ ရုပ်သေး ရုပ်ထုရာတွင် မျက်နှာကိုအရုပ်ဖြစ်၍ အရုပ်နှင့်တူအောင်ထုမှသာ ရသပေါ်မှာ ဖြစ်ကြောင်း သတိပြုဖို့လိုပါသည်။
မြန်မာရုပ်သေးရုပ်များသည် မြန်မာ နိုင်ငံတွင်သာမက နိုင်ငံရပ်ခြားသို့ပင် ''တော်ဝင်''လျက်ရှိရာရွှေဘိုဦးတင်မောင် ၏လက်ရာများဖြစ်သော-
- သူငယ်တော်ရုပ်(ဂျာမနီနိုင်ငံ၊ မြူး နစ်မြို့ရိုးရာအနုပညာပြတိုက်)
- ကျားရုပ် (ဟန်းဘို့တက္ကသိုလ် ပြတိုက်)
- ချိုးငှက်၊ ကြက်တူရွေး၊ ခွေး၊ ဒေါင်း၊ ကျွဲ၊ ငှက်ကြီးဝန်ပို၊ ငါး၊ မျောက်၊ ကျား၊ ဆင်၊ နဂါးရုပ် (မြူးနစ်မြို့-မြို့တော်ပြတိုက်)သို့ ရောက်ရှိပြသ ထားသည်ကို လေ့လာသိရှိရပါသည်။ ဤကဲ့သို့မြန်မာ့အနုသုခုမလက်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ်ရုပ်သေးရုပ်များ နိုင်ငံရပ်ခြားသို့ရောက်ရှိခဲ့သည်မှာ ဂုဏ် တက်စရာဖြစ်ခဲ့ရပြီး ခရစ်နှစ် ၁၂ဝဝ ပြည့်နှစ်ခန့်အချိန် ဥရောပတိုက်တွင် လည်း ရုပ်သေးအနုပညာသဘင်စတင်ခဲ့ သည်ဟု ရှေးစာများတွင်တွေ့ရပါသည်။
ရှေးခေတ်ကပင်ရှိခဲ့သော''ရုပ်သေး အနုသဘင်''ကို မီးမောင်းထိုးပြနေသော စာပေပညာရှင်''ပလေတို''က ဆိုခဲ့ သည်မှာ-
''လူသားတို့၏စိတ်သည်ရုပ်သေး ကြိုးနှင့်တူလှသည်။ ကြိုးဆွဲသလိုအရုပ် များက ခုန်ပေါက်ကပြရသကဲ့သို့ စိတ်၏ ဆွဲဆောင်ရာနောက်ဝယ် လူသားတို့လိုက် ပါခဲ့ရသည်''ဟုဆိုထားသောကြောင့် ရုပ်သေးအနုပညာ၏ 'သမ္ဘာ'သည် နှစ် ပေါင်းထောင်ချီ၍ကြာမြင့်ခဲ့ပြီဟုလည်း ဆိုနိုင်ပါသည်။
ကမ္ဘာ့ရုပ်သေးအနုပညာနယ်ပယ် တွင် ရုပ်သေးအမျိုးအစားသုံးမျိုးရှိသည် ဆိုထားပါသည်-
၁။ ကြိုးဆွဲရုပ်သေး
၂။ တုတ်ထိုးရုပ်သေး
၃။ အိတ်စွပ်ရုပ်သေး
ဟုဆိုထားရာ ထိုသုံးမျိုးတွင်ပါဝင် သော ''ကြိုးဆွဲရုပ်သေး''မှာ ''မြန်မာ့ ရုပ်သေး''ပင်ဖြစ်ပြီး တုတ်ထိုးရုပ်သေး မှာ အိန္ဒိယ၊ အင်ဒိုနီးရှားတို့၏ထင်ရှား သောအနုပညာတစ်ရပ်ဖြစ်ကာ အိတ်စွပ် ရုပ်သေးသည် တရုတ်နိုင်ငံတွင် လူမျိုးပိုင် အနုပညာအဖြစ်ခေတ်စားခဲ့၏။
မြန်မာ့ယဉ်ကျေးမှုအနုပညာလုပ်ငန်း ရုပ်သေးသဘင်ပညာသည် နိုင်ငံရပ်ခြား တိုင်းပြည်များနှင့် စင်ပြိုင်ထွန်းကားခဲ့ သော ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂုဏ် ယူခြင်းများဖြစ်ကြရပါသည်။ မိမိနိုင်ငံ နှင့်အပြိုင် အလားတူထွန်းကားခဲ့သော ''ရုပ်သေး''သဘင်အကြောင်းလှမ်းမျှော် လေ့လာမိသောအခါဤသို့တွေ့ရပါသည်။
တရုတ်နိုင်ငံသည် ရုပ်သေးသမိုင်းရှိ ခဲ့သည်မှာ 'ဟန်'မင်းများ လက်ထက်အ ခါက နန်းတွင်း၌ ကပြကြရသော ရုပ် သေးပညာဟု ဆိုပါသည်။ အချိန်ကာလ တစ်ခုဖြစ်သော ခရစ်နှစ်(၅၅၇)ခုနှစ်တွင် တရုတ်ပြည်မြောက်ပိုင်း၌ 'စင်ယှီ'ခေါ် ရုပ်သေးအကထွန်းကားခဲ့ရာမှစ၍ 'ယွန်' မင်းများ လက်ထက်တွင် 'ရုပ်သေး' ခေတ်အစားဆုံးခေတ်ဖြစ်ခဲ့၏။ ပညာရှင် တချို့က 'ရုပ်သေး'ပညာသည် မြန်မာ ပြည်သို့ တရုတ်ပြည်မှသယ်လာသော ပညာဟု ဆိုကြ၏။ တချို့ကလည်း အိန္ဒိယမှ ဝင်လာသည်ဟုလည်း ဆိုကြ ပြန်၏။ သို့သော် အခိုင်အမာမတွေ့ရ၍ စင်ပြိုင်ထွန်းကားသော 'ရုပ်သေး'အနု ပညာဟုသာ မှတ်ယူသင့်ပါသည်။
ရှေးကျသော မြန်မာပညာရှိများ၏ အဆိုအရ 'ရုပ်စုံအစ ကျုံးသုံးတန်နှင့် ပုဂံက'ဟု ဆိုထား၏။ ဤအဆိုမှာလည်း ကုန်းဘောင်ခေတ်ပုဂံမင်းလက်ထက် သဘင်ဝန်ကြီး ဦးဝန်၏ မှတ်တမ်းအရ ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ 'ရုပ် သေး' ပညာသည် ကမ္ဘာတစ်ဝန်းဂုဏ် သတင်းကျော်ခဲ့သော အနုပညာတစ်ရပ် ဖြစ်ပြီး မြန်မာမှုနယ်ပယ်တွင် ယဉ်ကျေး မှုအဖြစ် ထွန်းကားခဲ့သည်မှာလည်း သေ ချာပါသည်။ ယနေ့တိုင်လည်း ရှိတန်သ ရွေ့ ရှိနေသေးသော်လည်း ခပ်ရေးရေးမျှ ဟုသာဆိုရပါမည်။ ရေမမြင့်၍ ကြာ မတင့်ရသောအမြင်နှင့် မြုပ်လုလုဖြစ်နေရ သော မြန်မာတို့၏ ရိုးရာအမွေကိုထိန်း သည့်သဘောနှင့် ဖော်ထုတ်သင့်သော အနုပညာအမွေအနှစ်အမှန်ဖြစ်သည်ကို မြန်မာပြည် သူပြည်သားများ သိပါသည်။ သို့သော် ထိန်းသိမ်းခြင်းအားနည်းခဲ့၍ တိမ်မြုပ်ခဲ့ရသော ရုပ်သေးအနုသုခုမ ပညာကို ဖော်ထုတ်မည့်သူကို စောင့်ဆိုင်း နေခြင်းဖြစ်မည်ဟုလည်း စာရေးသူထင်မိ ပါသည်။