images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဖျာပုံခရိုင် လေးမြို့နယ်ရှိ မြို့နယ် ရပ်/ကျေး ပါတီဝင်များနှင့်တွေ့ဆုံ
Sunday, 26 August 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဒေးဒရဲမြို့နယ်ပါတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် ယမန်နေ့နံနက် ၁ဝ နာရီခွဲက ဒေးဒရဲမြို့နယ်ပါတီရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ဆက်လက်၍ ဘိုကလေးမြို့နယ် ပါတီဝင်များ၊ မြို့နယ်အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ ဘိုကလေးမြို့နယ် ပါတီရုံး၌ တွေ့ထို့နောက် ဖျာပုံမြို့နယ် ပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော် မတီဝင်များနှင့် ယနေ့နံနက် ၁၁ နာရီက ဖျာပုံမြို့နယ် ပါတီရုံးတွင် တွေ့ဆုံခဲ့ကာ မွန်းလွဲ ၃ နာရီတွင် ကျိုက်လတ်မြို့နယ်ပါတီကော်မတီ ဝင်များ၊ အရန်ပါတီကော်မတီဝင် များနှင့်ကျိုက်လတ်မြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံး၌လည်းကောင်းအသီးသီး တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က နှုတ်ခွန်းဆက်အမှာစကားများပြော ကြားခဲ့ပြီး၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်း မောင်က ခရိုင်ပါတီ၏အခြေအနေ များတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌများက မြို့နယ် အလိုက် အသီးသီးရှင်းလင်းတင်ပြ ခဲ့ကြသည်။
ထို့နောက် ဦးစိုးနိုင်က လက်ရှိ နိုင်ငံရေး၊ စီးပွားရေးအခြေအနေ များ၊ အခြားပါတီအခြေအနေများ အား ရှင်းလင်းပြောကြားခဲ့ပြီး မိမိ တို့ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအထိ ပါတီဝင်များ စည်းစည်းလုံးလုံး ညီ ညီညွတ်ညွတ်လုပ်ဆောင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများနှင့် ကြည်ဖြူ စွာ နေထိုင်လုပ်ဆောင်ကြရန်၊၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင်အနိုင်ရရှိရေးကြိုးစားလုပ်ဆောင် ရန်နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ဆုံခဲ့သည်။