images
UN
UN
Five Star CP ကြက်ကင်ဆိုင်မှ စတင်မီးလောင်မှုဖြစ်
ဇော်မင်းနိုင်(မြင်းခြံ) Monday, 27 August 2018
မန္တလေးတိုင်းဒေသကြီး မြင်း ခြံမြို့ အမှတ်(၈)ရပ်ကွက် ဗိုလ်ချုပ် လမ်းပေါ်ရှိ Five Star CP ကြက် ကင်ဆိုင်မှစတင်၍ ယမန်နေ့ ည ၇ နာရီ မိနစ် ၂ဝ တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ Five Star CP ကြက်ကင်ဆိုင်မှ အလုပ် သမား မထက်မြက်သူ (ခ) မမုန်း သည် ဆိုင်ခန်းနောက်ဘက်ရှိ တရုတ်လုပ်မြင်းကောင်ရေသုံးကောင် အားရှိ ဓာတ်ဆီမီးစက်ကို စက်နှိုး ထားရှိစဉ် မီးစက်မှမီးစတင်လောင် ကျွမ်းပြီး အနီးရှိအသားကင်သည့် ဂက်စ်အိုးသို့ ထက်မံကူးစက်ခဲ့ သဖြင့် ဂက်စ်အိုးပေါက်ကွဲကာ စတင်လောင်ကျွမ်းခဲ့သည်။ အဆို ပါ Five Star CPကြက်ကင်ဆိုင်မှ တစ်ဆင့် ဘေးကပ်လျက်ရှိကြ သော ဦးကျော်စိန်ဝင်းပိုင် RC သုံး ထပ်တိုက် ''ရှင်းဟုန်'' လျှပ်စစ် ပစ္စည်းအရောင်းဆိုင်၊ ဦးဇော်မင်း ပိုင် ပျဉ်ထောင်အိမ် GB Mobile ဖုန်းအရောင်းဆိုင်၊ ဦးအေးချမ်းနိုင် ပိုင် RC နှစ်ထပ်တိုက် GIORD ANO အဝတ်အထည်ဆိုင်တို့ မီး လောင်ပျက်စီးဆုံးရှုံးခဲ့သည်။ မီး လောင်မှုဖြစ်ပွားရာသို့ ခရိုင်အုပ် ချုပ်ရေးမှူး ဦးကျော်ဝင်းဦး၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဌေးလွင်တို့ လာရောက်ကြီးကြပ်ခဲ့ကြပြီးမြင်းခြံ ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၁၅စီး၊ရေသယ်ယာဉ် ၁ဝစီး၊ပုဂ္ဂလိကရေသယ်ယာဉ်ငါးစီး တို့ဖြင့်လည်းကောင်း၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့မှ မီးသတ် ယာဉ်များဖြင့်လည်းကောင်း ဝိုင်း ဝန်းပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲတွင် မီးလုံးဝငြှိမ်း သတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ သည့် ive Star CP ကြက်ဆိုင်မှ အလုပ်သမား မထက်မြက်သူ(ခ) မမုန်းအား မြင်းခြံမြို့မရဲစခန်းမှ (ပ) ၄၉၉/၁၈၊ ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း နှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၄၉၂ဝဝဝဝ ဆုံးရှုံးခဲ့ ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက် သေကျေပျက်စီးမှုမရှိကြောင်း သိရ သည်။