images
UN
UN
အိမ်သုံးဆားများတွင် အိုင်အိုဒင်းအရည်အသွေးပြည့်ဝမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး
နေခြည်(ဆင်ပေါင်ဝဲ) Wednesday, 29 August 2018
မကွေးတိုင်းဒေသကြီးသရက် ခရိုင် ဆင်ပေါင်ဝဲမြို့ မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ယခု နှစ် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်လှုပ်ရှား မှုအဖြစ် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ က မြို့မဈေးအတွင်းနှင့်ဈေးအပြင် ရှိဆိုင်များတွင်ရောင်းချနေသောအိမ် သုံးဆားများတွင် အိုင်အိုဒင်းအရည် အသွေးပြည့်ဝမှုရှိမရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အိုင်အိုဒင်းချို့တဲ့ရောဂါပ ပျောက်ရေးရက်သတ္တပတ်လှုပ်ရှားမှု ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာ ယာရေးဝန်ထမ်းတို့ ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့်ဈေးအပြင် ရှိ အိမ်သုံးဆားများရောင်းချသော ဆိုင်များရှိ ဆားများတွင် အိုင်အို ဒင်းအရည်အသွေးပြည့်ဝမှုရှိ မရှိ နှင့် ဆားများထုပ်ပိုးရောင်းချမှု စနစ်ကျမှု ရှိ မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။