images
UN
UN
အထည်ချုပ်စက်ရုံတွင် သပိတ်မှောက်အလုပ်သမားများအား လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုသည့်အလုပ်သမားများက တန်ပြန်ဆန္ဒထုတ်ဖော်
နေထက်ဝေ၊ သုခ Wednesday, 29 August 2018
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုဇုန်(၁)ရှိ အထည်ချုပ်စက်ရုံ တွင် သပိတ်မှောက်နေသည့်အလုပ် သမားများအား တန်ပြန်လုပ်ငန်း ခွင်ပြန်လည် ဝင်ရောက်လိုသည့် အလုပ်သမားများ ၅ဝဝ ကျော်က ယနေ့နံနက် ၈နာရီက တန်ပြန်ဆန္ဒ ထုတ်ဖော်သည့် ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့သည်။
အဆိုပါ အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၃ဝ အား အလုပ်မှ ရပ်နားခဲ့ခြင်းနှင့်ပတ်သက်၍ယခုလ ၂၁ရက်မှစတင်ကာ စက်ရုံရှေ့တွင် အလုပ်မှ ရပ်နားခံရသည့် အလုပ် သမားများ၊ အလုပ်သမားသမဂ္ဂ များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များက စုပေါင်းကာ သပိတ်စခန်း ဖွင့်လှစ်၍ဆန္ဒထုတ်ဖော်နေသည်မှာ ကိုးရက်တိုင်တိုင်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံမှာ စီးပွားရေးတွက်ခြေမကိုက်သည့် အတွက် EC စာချုပ်ဖောက်ဖျက် သည့်ဝန်ထမ်းများကို အင်အား လျှော့ချခဲ့ခြင်းဖြစ်ကြောင်း ယင်း စက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြောသည်။
''လစာကိစ္စ အခြေအနေက အခုလစာတွက်ဖို့အတွက်ကို သူတို့ ကပိတ်ဆို့ထားတဲ့အတွက် လစာ ကိုင်တဲ့ ဝန်ထမ်းက ဝင်လို့မရဘူး။အဲဒီအနေအထားဖြစ်နေတယ်။ဒါ ကိုတော့ ကျွန်တော်တို့ စက်ရုံဘက် က အကြီးအကဲတွေနဲ့ညှိနေပါတယ်။ အဲဒီလိုပိတ်ဆို့ထားတာ လစာတွက် လို့မရဘူး။ လစာ စာရင်းကိုင်တဲ့ ဝန်ထမ်းကိုစက်ရုံထဲဝင်ခွင့်မရအောင် ပိတ်ဆို့ထားတာက သူတို့ပြဿနာ ကို ကြီးထွားအောင် လုပ်နေတာ'' ဟု ၄င်းကပြောသည်။
အဆိုပါ သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်နေခြင်းများအား မြို့ နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့များကို မြန်မြန်သိရှိစေလိုပြီး အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း၊ အဓိက အသိစေချင်ဆုံးမှာ ပြည် ထောင်စုအစိုးရအဖွဲ့ဖြစ်ကြောင်း စက်ရုံမန်နေဂျာဦးသိန်းဆွေကပြော သည်။
''အခု နောက်ဆုံးအဆင့် ခုံ သမာဓိကိုတက်မယ်။ ခုံသမာဓိက အဆင်မပြေဘူးဆိုရင် ခုံသမာဓိ ကောင်စီကိုဆက်တက်မယ်။ စက်ရုံ ဝင်ပေါက်ထွက်ပေါက်တွေကိုတား ဆီးထားတဲ့အတွက် ဝန်ထမ်းတွေ ရဲ့ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဆုံးရှုံးတယ်။သူတို့ရဲ့ စားဝတ်နေရေးထိခိုက် တယ်။ နောက် စက်ရုံကုန်ထုတ် လုပ်မှုမရှိတော့ဘူး။ မရှိတော့ ရင်း နှီးမြှုပ်နှံသူတွေထိခိုက်တယ်။ဆုံး ရှုံးတယ်။ နောက်နောင် စက်ရုံပုံမှန် အတိုင်းမလည်ပတ်နိုင်ရင် Customer တွေနဲ့ မိတ်ပျက်ရတာပေါ့။နိုင်ငံတော်ရဲ့ စီးပွားရေးကိုပါ ထိခိုက်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေလာလုပ်တဲ့အခါမှာ လုံခြုံ တဲ့ဥပဒေအကာအကွယ်ပေးရမယ်။ အဲဒီတော့ ဒီကိစ္စကို အမြန်ဆုံးဖြေ ရှင်းပေးပါ''ဟု ၄င်းကဆက်လက် ပြောကြားသည်