images
UN
UN
ရန်ကုန်-ပုဂံအမြန်ရထား အစုန်အဆန်ရထားတွဲဆိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲ
မောင်စိန်ဝင်း Thursday, 30 August 2018
မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်း အချို့ရေကျော်ခဲ့ပြီး အမှတ်(၆၁) အဆန်၊ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ်(၆၂)အစုန် ပုဂံ-ရန်ကုန် အမြန်ရထားတွဲဆိုင်းကို ယမန်နေ့ တွင် တစ်ရက်တာ ယာယီရပ်နားခဲ့ ရာ အဆိုပါ အစုန်၊ အဆန် ရထား တွဲဆိုင်းများကို ယနေ့မှစ၍ ပုံမှန် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း နှင့် ရထားစီးခရီးသည်များအနေ ဖြင့် ပုံမှန်အတိုင်းလက်မှတ်ဝယ်ယူ စီးနင်းနိုင်ကြပြီဖြစ်ကြောင်း မြန်မာ့ မီးရထားမှ ယနေ့ထုတ်ပြန်ချက် အရ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေး ရွာအုပ်စုရှိ ဆွာချောင်းရေလှောင် တမံ ရေပိုလွှဲဘဲနှုတ်သီး ကျိုးပဲ့ကာ ရေကြီးရေလျှံမှုများဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ကုန်း ကြီးဘူတာနှင့် ဆွာဘူတာကြား၌ ရထားလမ်းပိုင်းပေါ်သို့ ရေကျော်မှု များဖြစ်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉ဝ/ ၁၈-၂၄ ကြား၌တာပေါင်ရေတိုက် စားမှုများဖြစ်ပေါ်ခဲ့သဖြင့် ရထား လမ်းပိုင်း ပိတ်ဆို့သွားခဲ့ကြောင်း၊ ရန်ကုန်-ပုဂံလမ်းပိုင်းရှိ လှေဝန်း- ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂ဝ ကြားတွင်လည်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် သဲမြေများဖုံး လွှမ်းသွားခဲ့သဖြင့် လမ်းပိတ်ခဲ့ရပြီး ယမန်နေ့ ပြေးဆွဲပေးမည့် အမှတ် (၆၁)အဆန် ရန်ကုန်-ပုဂံအမြန် ရထားနှင့် အမှတ်(၆၂) အစုန် ပုဂံ-ရန်ကုန်အမြန်ရထားတွဲဆိုင်း ကို ယာယီရပ်နားထားခဲ့ရကာ ရထားလက်မှတ် ဝယ်ယူထားကြ သည့် ရထားစီးခရီးသည်များအား ရထားစီးလက်မှတ်ခငွေများ ပြန် အမ်းပေးခဲ့ရကြောင်း သိရသည်။
အလားတူယင်းနေ့ နံနက်ပိုင်း က ဆွာချောင်းတမံရေပိုလွှဲဆည် အတွင်းဘက်မှ နံရံပြိုကျကာ ဆွာ ချောင်းတစ်လျှောက် ရေများလုံး ဆင်းလာခဲ့၍ ရထားလမ်းရေကျော် မှုဖြစ်ပွားခဲ့ပြီး လမ်းပိုင်းပိတ်သွား ခဲ့သဖြင့် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာသို့ ထွက်ခွာပေးရ မည့် အမှတ်(၅) အဆန်အမြန် ရထားနှင့် အမှတ်(၃)အဆန် အမြန် ရထားတွဲဆိုင်း၊ နေပြည်တော်သို့ ထွက်ခွာပေးရမည့် အမှတ်(၇) အဆန် အမြန်ရထားတွဲဆိုင်းများ ကို ယာယီရပ်နား ထားခဲ့ရကာ ရထားခရီးစဉ်ဖျက်သိမ်းခဲ့ရသဖြင့် ယမန်နေ့ခရီးစဉ်ဖြင့် လက်မှတ် ဝယ်ယူထားကြသည့် ရထားစီး ခရီးသည်များအား ရထားစီးလက် မှတ်ခငွေများပြန်အမ်းပေးခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့အပြင် မန္တလေးဘူတာမှ ထွက်ခွာပေးရမည့် အမှတ်(၆) အစုန် အမှတ်(၄) အစုန်အမြန် ရထားတွဲဆိုင်းများနှင့် နေပြည် တော်ဘူတာမှ ထွက်ခွာပေးရမည့် အမှတ်(၈)အစုန် အမြန်ရထားတွဲ ဆိုင်း၊ သာစည်ဘူတာမှ ထွက်ခွာ ပေးရမည့် အမှတ်(၁ဝ)အစုန်ရထား တွဲဆိုင်းများကို ယခုအခါ ယာယီ ရပ်နားထားပြီး ရထားလမ်း ရေ ကျော်လမ်းပိတ်နေသည့်နေရာများ အား ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရုံး ချုပ်အဆင့် ဌာနအကြီးအကဲများ၏ ဦးဆောင်မှုဖြင့် ရထားလမ်းပိုင်း အမြန်ဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာ့မီးရထား တာဝန်ရှိသူများက ရထားလမ်း အမြန်ပြန်ဖွင့်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ရထားပြန် လည် ပြေးဆွဲနိုင်မည့် အခြေအနေ အားခရီးသွားပြည်သူများသို့ အချိန် နှင့်တစ်ပြေးညီ အသိပေးကြေညာ သွားမည်ဖြစ်ကြောင်း မြန်မာ့မီး ရထားလုပ်ငန်းမှ ယနေ့ထုတ်ပြန် ချက်အရ သိရသည်။