images
UN
UN
ရေကြီးမှုဒဏ်ကာကွယ်နိုင်ရန် ကားလမ်းနှင့် ရထားလမ်းများတွင် ရေထွက်ပေါက်များဖောက်မည်
နိုင်နိုင်(မွန်) Friday, 31 August 2018
ရေကြီးမှုဒဏ် ကာကွယ်နိုင် ရန် ရေထွက်ပေါက်မရှိသည့် ကား လမ်းနှင့် ရထားလမ်းများတွင် ရေ ထွက်ပေါက်များ ဖောက်လုပ်သွား မည်ဖြစ်ကြောင်း ပြည်နယ်စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး ကပြောသည်။
အဆိုပါ လုပ်ငန်းစဉ်ကို စက် တင်ဘာလတွင် စတင်အကောင် အထည်ဖော်နိုင်ရန် ဆွေးနွေးထား ပြီး ပြည်ထောင်စုနှင့် ပြည်နယ် ဘတ်ဂျက်ကိုပါ သုံးစွဲ၍လုပ် ဆောင်သွားရန်ရှိကြောင်း ၄င်းက ပြောသည်။
၎င်းအပြင် ရေကြီးမှုဖြစ်ပေါ် နေသည့် ဘီးလင်းမြစ်ကိုလည်း အမျိုးသားရေအရင်းအမြစ်စီမံခန့် ခွဲရေးကော်မတီမှ ပညာရှင်များ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။
''ဘီးလင်းမြစ်က တိမ်ကော လာတယ်။ မြစ်အထက်မှာ ရွှေတူး တဲ့အတွက်ကြောင့်လည်း ပါတယ်။ မြစ်ကြောင်းကို ပြုပြင်မယ်။ ရေထွက်ပေါက်တွေလုပ်ရင် မြစ် ရေအတက်အကျနဲ့ တွက်ချက်ပြီး သေချာလုပ်မယ်''ဟု ၄င်းကပြော သည်။
ရေကြီးမှုသည် ပြည်နယ် အတွင်းနှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်နိုင် သည့် အခြေအနေတွင် ရှိနေသော ကြောင့် မြန်မြန်ဆန်ဆန်ပြုပြင်ထိန်း သိမ်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ယခုနှစ် အတွင်း ရေကြီးရေလျှံမှုကြောင့် ကားလမ်း၊ ရထားလမ်းများကို ရက်အနည်းငယ်ကြာ ပိတ်ထားခဲ့ ရပြီး နေအိမ်များနှင့် စာသင် ကျောင်းများတွင်လည်း ရေနစ်မြုပ် မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။