images
UN
UN
မာန်အောင်မြို့နယ်၌ ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းဆောင်ရွက်မှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ သုံးလပတ်အစည်းအဝေးကျင်းပ
သိန်းဖေ(မာန်အောင်) Friday, 31 August 2018
ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ပြည်နယ်ငှက်ဖျားတိုက်ဖျက် ရေးအဖွဲ့နှင့်ငှက်ဖျားရောဂါတိုက် ဖျက်ရေးစီမံချက်(URC)အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်တွင်ဆောင် ရွက်မည့် မြို့နယ်ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်း ပူးပေါင်း ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ သုံးလပတ်အစည်းအဝေးကို ယမန် နေ့ နံနက် ၁ဝ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အစည်းအဝေးတွင် မြို့နယ် ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်း ဆောင်ရွက်မှုပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်လှိုင်က အမှာ စကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေး ဦစီးဌာနမှူး ဒေါက်တာသန်းထွန်း က လက်ရှိလုပ်ငန်းဆောင်ရွက် ထားရှိမှုအပေါ် သုံးသပ်ပြောကြား သည်။
ထို့နောက်URC Defeat Malaria Projeet; Malaria Elimination Coordinator ဒေါက်တာအိ အိဝင်းအောင်က ငှက်ဖျားရောဂါ ကင်းဝေးရေးလုပ်ငန်းများကို ပထမ ဆုံးအနေဖြင့် မာန်အောင်၊ တောင် ကုတ်နှင့် ရမ်းဗြဲမြို့နယ်သုံး မြို့နယ် တွင် လုပ်ဆောင်လျက်ရှိကြောင်း၊ မာန်အောင်မြို့နယ်ရှိReporting Uintsအားလုံးကို အမျိုးသား ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံ ချက်နှင့် URC အဖွဲ့တို့မှ အခြေခံ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူး ပေါင်းလုပ်ဆောင်လျက်ရှိပါကြောင်း အခြေခံကျန်းမာရေး ဝန်ထမ်းများ နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအား ဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် ကို မြင့်မားစေပြီး ငှက်ဖျားရောဂါ ကင်းဝေးရေးကို ရေရှည်ထိန်းသိမ်း သွားနိုင်မည်ဖြစ်ကာ ငှက်ဖျားပြန် လည်အမြစ်မတွယ်စေရန် ရေရှည် စောင့်ကြည့်သွားနိုင်မည် ဖြစ် ကြောင်းပြောကြားပြီး မာန်အောင် မြို့နယ်လက်ရှိ ဆောင်ရွက်ပြီးစီး နေသော လုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက် လုပ်ဆောင်သွားမည့် လုပ်ငန်းများ၊ ဝန်ထမ်းများနှင့် ပူး ပေါင်းဆောင်ရွက်နေမှုအခြေအနေ များကို တင်ပြဆွေးနွေးပြီး အစည်း အဝေးသို့ တက်ရောက်လာသူများ က သိရှိလိုသည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်း အဝေးပြီးဆုံးခဲ့ကြာင်း သိရသည်။