images
UN
UN
နှစ်ပေါင်း ၅ဝဝ ကျော်က ဥမင်လိုဏ်ဂူအတွင်းရှိနံရံဆေးရေးပန်းချီကားများ လက်ရာမပျက်ရှိနေသော်လည်း ဥမင်လိုဏ်ဂူမှာပျက်စီးပြိုကျနေသဖြင့် ပြုပြင်ထိန်းသိမ်းပေးရန် ဒေသခံများလိုလားနေ
ဒေသခံများ Friday, 31 August 2018
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင် မလှိုင်မြို့နှင့် ၁ဝ မိုင်ခန့် ကွာဝေးသည့် မလှိုင်မြို့နယ် မြင်း တွင်းအုပ်စု ကွင်းအမှတ် (၁၁၉)၌ အင်းဝခေတ်တွင် ဗုဒ္ဓဘာသာအဓွန့် ရှည် တည်တံ့အောင် သာသနိက အဆောက်အအုံများတည်ဆောက် ခဲ့ကြရာ စေတီ၊ ဂူဘုရား၊ အုတ် ကျောင်း၊ ဥမင်၊ ပိဋကတ်တိုက်၊ သိမ်၊ ပြာသာဒ် စသည်များရှိသည့် အနက် အဆိုပါ ကျေးရွာကွင်း အတွင်း၌ အင်းဝခေတ်က တည် ဆောက်ခဲ့သော နှစ်ပေါင်း ၅ဝဝ ကျော်ခန့်ရှိ ဥမင်လိုဏ်ဂူအတွင်း တွင် ရှေးမူလက်ရာမပျက်နံရံဆေး ရေး ပန်းချီကားများမှာ လက်ရာ မပျက်ရှိနေသော်လည်း ဥမင်လိုဏ် ဂူမှာပြိုကျပျက်စီးနေသောကြောင့် ဒေသခံပြည်သူများက အမြန်ဆုံး ပြုပြင်ပေးရန်လိုလားနေကြောင်း သိရသည်။
ဥမင်လိုဏ်ဂူမှာ သမိုင်း အထောက်အထားအနေဖြင့် ကိုး ချောင်းလင်္ကာတစ်ပုဒ်သာ ကျန်ရှိခဲ့ ကြောင်း သိရပါသည်။ ၄င်းလင်္ကာ မှာ အစ၊ အဠ၊ ဒွေးပဉ္စ၊ မြင်းတွင်း ဒါမ၊ ကံတောင်စ၊ တည်ထား ဥမင်သာဟု ဖော်ပြခဲ့သဖြင့် ဥမင် လိုဏ်တည်ဆောက်သည့်ခုနှစ်မှာ ဆိုလျှင် ခန့်မှန်း(၈၂၅)ခုနှစ် ဖြစ် သည်။ ထူးခြားမှုအနေဖြင့် ရှေးလူ ကြီးများ၏ပြောပြချက်အရ ၄င်းဂူ အတွင်း၌ သီတင်းသုံး နေထိုင်ခဲ့ သော တောကျောင်း ဆရာတော် ဘဒ္ဒန္တစိတ္တဆရာတော်ပျံလွန်တော် မူသောအခါ မှောင်မည်းနေသည့် ဂူမှာ တစ်ဂူလုံး အလင်းရောင်ရရှိ ခဲ့ဖူးကြောင်းသိရသည်။ အဆိုပါ ကွင်း အမှတ်(၁၁၉)ကွင်း၌တည်ရှိ နေသည့်ဥမင်လိုဏ်ဂူသည် အင်းဝ ခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ် သည်ဟု ရှေးလူကြီးများ၏ ပြော ပြချက်အရ သိရသည်။
''၄င်းဂူဟာ ယခုအခါမှာ ပြိုကျပျက်စီးနေသော်လည်း ဂူ အတွင်းရှိ နံရံဆေးရေးပန်းချီကား များဟာရှေးမူလက်ရာမပျက်တည် ရှိနေပါတယ်''ဟု အဆိုပါကျေး ရွာမှ အုပ်ချုပ်ရေးမှူး (ဟောင်း) ဖြစ်သူကဆိုသည်။ ''ယင်းဂူကြီးမှာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာပါ။ ဒါကြောင့် တာဝန် ရှိသူများအနေဖြင့်လည်း လာ ရောက် ပြုပြင်ထိန်းသိမ်းသင့်ပါ တယ်။ သို့သော် ယနေ့အထိတော့ မည်သည့်အဖွဲ့အစည်းကမှ လာ ရောက်ကြည့်ရှု ထိန်းသိမ်းမှုမရှိ သေးပါဘူး''ဟု အဆိုပါကျေးရွာ မှ ဒေသခံများက ပြောသည်။
ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာများကို မပျောက်ပျက်အောင် ထိန်းသိမ်း ပေးရန်နှင့် နှစ်ပေါင်း ၅ဝဝ ကျော် ခန့်ကြာမြင့်နေပြီဖြစ်သည့် ဥမင် လိုဏ်ဂူကို ပြုပြင်ပေးရန် ဒေသခံ ပြည်သူများက လိုလားလျက်ရှိ ကြောင်း သိရသည်။