images
UN
UN
တတိယမြောက် ကလပ်အသင်းပြိုင်ပွဲကို ယူအီးအက်ဖ်အေစီစဉ်နေ
Friday, 31 August 2018
ဥရောပဘောလုံးအဖွဲ့ချုပ်သည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့ကဲ့သို့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပနိုင်ရန်စီစဉ်နေကြောင်း အတည်ပြုချက်ထုတ် ပြန်လိုက်သည်။ အဆိုပါတတိယမြောက်ပြိုင်ပွဲသည် ယခင်ပြိုင်ပွဲနှစ်ခု ထက် အဆင့်နိမ့်သည့်အခြေအနေရှိပြီး အသင်းငယ်များပါဝင်ယှဉ်ပြိုင် ခွင့်ရစေရန် ရည်ရွယ်နေခြင်းလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် စတင်ကျင်းပရန်စီစဉ်နေသည်ဟု ဥရောပဘောလုံး အဖွဲ့ချုပ်က ဖွင့်ဟခဲ့သည်။ လက်ရှိတွင် အဆိုပါတတိယမြောက်ပြိုင်ပွဲ နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေပြီဟု ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာရင်က ပြောကြားခဲ့သည်။ Ref ;Dailymail