images
UN
UN
မန္တလေးတွင် လည်ပင်းကိုဓားဖြင့်လှီး၍ ဆိုင်ကယ်လုယူသွားသောတရားခံအားဖမ်းဆီးရမိ
သုတ Friday, 31 August 2018
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံကစားကွင်းရှေ့တွင် သြဂုတ် ၂၉ ရက် ည ၁ဝ နာရီခန့်က လည်ပင်းကိုဓားဖြင့် လှီး၍ ဆိုင်ကယ်လုယူသွားသော တရားခံ အား ယနေ့နံနက် ၆ နာရီကျော်က ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ည ၁ဝ နာရီခန့်က မနော်ရမ္မံကစားကွင်း ရှေ့တွင် ချမ်းအေးသာဇံမြို့နယ် ကန်ကောက် ရပ်ကွက်နေသူ ကိုကျော်ကျော်ဦး (၄၂နှစ်) သည်Fino ဆိုင်ကယ်အနီရောင်ဖြင့် ရပ်၍ ဖုန်းပြောနေစဉ် ၆၂ လမ်းအတိုင်း
မြောက်ဘက်မှတောင်ဘက်သို့ လမ်း လျှောက်လာသော အမည်မသိ အမျိုးသားတစ်ဦးကနောက်မှရောက် ရှိလာပြီး ၄င်း၏လည်ပင်းအား ဓား ဖြင့်လှီးရာ လေးလက်မခန့်ပြတ်ရှ ဒဏ်ရာတစ်ချက်(စိုးရိမ်ရ) ရရှိ၍ လဲကျသွားစဉ် ၂၄ယ/---Fino ဆိုင်ကယ်အနီရောင်ကို အဆိုပါ အမျိုးသားက လုယူပြီး ၆၂ လမ်း အတိုင်း မောင်းနှင်ထွက်ပြေးသွား ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပေါ် မဟာအောင်မြေမြို့နယ် မြို့မရဲ စခန်းမှ (ပ)၆၅၂/ ၂ဝ၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှု ဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်း ရှာဖွေခဲ့ရာ သြဂုတ် ၂၉ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ချမ်းမြသာ စည်မြို့နယ်တွင် ပြစ်မှုကျူးလွန်သူ အောင်ကို(၂၂နှစ်)အား ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့သော သက် သေခံဓားအပါအဝင် လုယူသွား သည့် သက်သေခံFino ဆိုင်ကယ် အနီရောင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် ဥပဒေနှင့်အညီ အရေးယူ နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။