images
UN
UN
မြန်မာ့တပ်မတော်၏လူမှုကွန်ရက်များနှင့်မြဝတီရုပ်မြင်သံကြားကွန်ရက်စာမျက်နှာများ ပိတ်ပင်ဖယ်ရှားခံရခြင်းနှင့်စပ်လျဉ်းသည့် ဦးသောင်းအေး၏အဆိုလွှတ်တော်သို့တင်သွင်းခွင့်မပြု
သာလှ(ပျဉ်းမနား) Friday, 31 August 2018
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ့ တပ်မတော်၏လူမှုကွန်ရက်များနှင့် မြဝတီရုပ်မြင်သံကြား ကွန်ရက်စာ မျက်နှာများကိုFacebook အဖွဲ့၏ ကွန်ရက်အတွင်းမှ ပိတ်ပင်ဖယ်ရှား ခံလိုက်ခြင်းနှင့်ပတ်သက်၍ ပျော် ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသောင်းအေး က အရေးကြီးအဆိုတင်သွင်းရန် လွှတ်တော်သို့ ခွင့်ပြုချက်တောင်းခဲ့ ရာ ယင်းအဆိုတင်သွင်းခြင်းအား ခွင့်ပြုချက်မရရှိခဲ့ကြောင်း ၄င်းက ယနေ့သတင်းမီဒီယာများသို့ ထုတ် ဖော်ပြောကြားသည်။
အရေးကြီးအဆိုကို သြဂုတ်၂၉ ရက်က ပြည်သူ့လွှတ်တော်ထံ တင်ပြခဲ့ခြင်းဖြစ်ပြီး ယနေ့ပြုလုပ် သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် တင်သွင်းခွင့်ကို ခွင့်ပြု ချက်မရခဲ့ခြင်းအပေါ် အဆိုရှင်ဦး သောင်းအေးကလွှတ်တော်အတွင်း သတင်းထောက်များသို့ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့သည်။
''ဒီအဆိုတစ်ရပ်က သူ့ရဲ့ ဥပဒေအရ ဥက္ကဋ္ဌကနေပြီးတော့ ဆုံးဖြတ်ချက် မချမချင်း ကိုယ်တို့ တင်ပြခွင့်မရဘူး။ မီဒီယာတွေနဲ့ ပြောခွင့်မရဘူး၊ ဒီအကောင့်တွေ ပိတ်တဲ့အကြောင်းရင်းကUN-HRC ရဲ့ ဒီအစီရင်ခံစာကို သူကCode လုပ်လိုက်တာ။ အဲ့ဒီအစီရင် ခံစာအရ တပ်မတော်က လူ့အခွင့် အရေးတွေချိုးဖောက်နေတယ်ဆို တော့ သူက ဟိုဘက်ကစွပ်စွဲချက် ကို အတည်ပြုလိုက်သလိုဖြစ်တာ ပေါ့။ ဒါတွေဖြစ်ပြီးတော့ ဒီအပေါ် မှာ ဒါတွေက အမုန်းပွားလာနိုင် တယ်။ ဒါကြောင့်မို့လို့ ဒါသူ့ရဲ့ စံနှုန်းနဲ့မကိုက်ညီဘူးဆိုပြီးတော့ ဒီလိုကောက်ချက်ချပြီးတော့ ဒီလို ထုတ်လိုက်တာ ဒါဟာတစ်ဖက် သတ်ဆန်တယ်''ဟု ပြောသည်။
အရေးကြီးအဆိုအဖြစ် တင် သွင်းမည့်အဆို၏ အကြောင်းအရာ မှာ Facebook အဖွဲ့မှ မြန်မာတပ် မတော်၏ လူမှုကွန်ရက်များနှင့် ရုပ်မြင်သံကြားကွန်ရက်စာမျက်နှာ တို့အား UNHRC အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အမုန်းစကားပွားစေခြင်း၊ ၄င်းတို့၏ စံနှုန်းများနှင့်မကိုက်ညီခြင်းတို့ကို အကြောင်းပြ၍ ပိတ်ပင်ဖယ်ရှား လိုက်ခြင်းသည် မြန်မာ့တပ်မတော် က လူ့အခွင့်အရေးချိုးဖောက်မှုပြု လုပ်သည်ဟု စွပ်စွဲအတည်ပြုသည့် သဘောသက်ရောက်ပြီးနိုင်ငံတော်၊ တပ်မတော်ဂုဏ်သိက္ခာနှင့်နိုင်ငံ တော်၏အချုပ်အခြာအာဏာထိပါး စော်ကားရာရောက်ရှိနေပါသဖြင့် ယင်းလုပ်ဆောင်မှုကို တရားဝင်တုံ့ ပြန်ကန့်ကွက်နိုင်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းဟူ ၍ဖြစ်သည်။
ယင်းအဆိုကို တင်သွင်းခွင့်ပြု ချက်မရခြင်းအပေါ် ဦးသောင်းအေး ၏ လူမှုကွန်ရက်စာမျက်နှာတွင် လည်း ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၆၃(က)(၂)အရ ခွင့်မပြုတာဟုသိရသည်။ ဤပုဒ်မ ၌ (၁) လောလောဆယ်ပေါ်ပေါက် လာသောကိစ္စ။ (၂)အများပြည်သူ နှင့် အရေးတကြီးသက်ဆိုင်သော ကိစ္စ။ (၃)လွှတ်တော်၏အဆုံး အဖြတ်ကိုရယူရန်လိုအပ်သောကိစ္စ ဖြစ်ရမည်ဟူသောအချက်သုံးချက်ကို တွေ့နိုင်ပါသည်။ ဘယ်အချက်နဲ့ ငြိစွန်းနေပါသလဲလို့ မေးမြန်းကြည့် တဲ့အခါမှာ နံပါတ်(၂)အချက်အရ လို့ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်နဲ့ ရုပ်မြင်သံကြားကွန် ရက်တွေကို ပယ်ဖျက်ပိတ်ပင်ခြင်း၊ ဒီလိုပိတ်ပင်တဲ့အကြောင်းကလည်း နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် လွတ်လပ်ရေးနဲ့ အတူပေါက်ဖွား လာတဲ့တပ်မတော်ကို မမှန်ကန်တဲ့ စွပ်စွဲခြင်းစတဲ့လုပ်ဆောင်တဲ့လုပ် ရပ်ဟာ အဲဒီနိုင်ငံ အဲ့ဒီပြည်သူတွေ နဲ့မသက်ဆိုင်တဲ့ကိစ္စလား၊ သဘော ထားကစဉ်းစားရမည်ဖြစ်ပါသည် ဟူ၍လည်း ဖော်ပြထားကြောင်း သိရသည်။