images
UN
UN
ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် ၁၉သိန်းကျော်တန် မူးယစ်ဆေးဝါးများဖမ်းမိ
မိုဃ်းကျ(မြစ်ကြီးနား) Monday, 03 September 2018
ကချင်ပြည်နယ် ဖားကန့်မြို့ နယ်အတွင်းယမန်နေ့က ဆိုင်ကယ် စီးလာသူတစ်ဦးအား မူးယစ်ဆေး ဝါးသတင်းအရ ရပ်တန့်စစ်ဆေး ရာမှ ငွေကျပ် ၁၉သိန်းကျော် တန် ဖိုးရှိ မူးယစ်ဆေးဝါးများကို ဆိုင်ကယ်တူးဘောက်အတွင်းမှ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၇ နာရီက မိုးညှင်းမြို့ မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃) ဖားကန့်လှုပ်ရှားဆွယ်မှ ရဲအုပ် ထန်းနိန်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်း အရနယ်မြေခံရဲတပ်ဖွဲ့ဝင်များ အသိ သက်သေများနှင့် ပူးပေါင်းကာ ဆိပ်မူကျေးရွာအုပ်စု၊ ဘွမ်နန် ကျေးရွာလမ်းဆုံတွင်ကြိုတင်စောင့် ဆိုင်းနေစဉ်ကောင်ဆန်ကျေးရွာမှ မမုံကျေးရွာသို့ ဆိုင်ကယ်မောင်းနှင် လာသည့် စိုးမြင့် (၄၁နှစ်)အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ဆပ်ပြာ ခွက်အတွင်း ကာလတန်ဖိုးငွေကျပ် ၁ဝ၄၅ဝဝဝရှိဘိန်းဖြူအမှုန့်အလေး ချိန်၁၁ဂရမ်နှင့် အပြာရောင်ကပ် ခွာအိတ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၈၇၅ဝဝဝရှိ စိတ်ကြွရူး သွပ်ဆေးပြား၁၇၅ပြားနှင့် မူးယစ် ဆေးဝါးရောင်းရငွေကျပ်၄၅ဝဝဝဝ အား ရှာဖွေဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများနှင့်အတူတွေ့ရှိသူ စိုးမြင့် (၄၁နှစ်)ဖားကန့်မြို့နေသူအား ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းမှ မယ (ပ)၁၇၃/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂ဝ(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။