images
UN
UN
နှစ်ပေါင်း ၂ဝဝ သက်တမ်းရှိ ဘရာဇီးအမျိုးသားပြတိုက် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွား
နောင်နောင် Monday, 03 September 2018
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ ရှိ နှစ်ပေါင်း ၂ဝဝ သက်တမ်းရှိ သက်တမ်းအရင့်ဆုံးသော အမျိုး သားပြတိုက်ကြီးတွင် ယမန်နေ့ည ပိုင်းတွင်မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီခွဲဝန်းကျင်ခန့်တွင် ဘရာဇီး အမျိုးသားပြတိုက် (National Museum of Brazil) တွင် မီး လောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ပြတိုက်အဆောက်အအုံတစ်ခု လုံးကို လျင်မြန်စွာကူးစက်လောင် ကျွမ်းခဲ့သည်ဟု သိရသည်။ ရှေး ဟောင်းသုတေသနဆိုင်ရာနှင့် သမိုင်းဝင်အမှတ်တရပစ္စည်း သန်း ၂ဝ ကျော်ကို ထိန်းသိမ်းစုဆောင်း ပြသထားသည့် ¤င်းအဆောက် အအုံကြီးတွင် အကြီးအကျယ်မီး လောင်ကျွမ်းနေမှုကို မီးသတ် သမားများက ငြှိမ်းသတ်နေကြ လျက်ရှိကြောင်း သိရသည်။
အဆိုပါပြတိုက်ကြီးသည် တစ်ချိန်က ပေါ်တူဂီတော်ဝင် မိသားစုများ နေထိုင်ခဲ့ကြခြင်း ဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် သက်တမ်း ၂ဝဝပြည့်ခဲ့ခြင်းလည်း ဖြစ်သည်။ မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်းကို အတိအကျမသိ နိုင်သေးကြောင်းနှင့် ဒဏ်ရာရရှိသူ မရှိကြောင်း အာဏာပိုင်များ၏ပြော ကြားချက်အရ သိရသည်။
ဘရာဇီးသမ္မတ မိုက်ကယ်တီ မာက ယင်းအမျိုးသားပြတိုက်ကြီး မီးလောင်မှုသည် ဘရာဇီးလူမျိုး အားလုံးအတွက် ဝမ်းနည်းဖွယ်ရာ နေ့ဖြစ်ကြောင်းနှင့် ဘရာဇီးလူမျိုး များ၏ သမိုင်းတန်ဖိုးက ¤င်း အဆောက်အအုံပျက်စီးမှုနှင့်တိုင်း တာ၍မရနိုင်ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ အမျိုးသားပြတိုက်ကြီးကို ၁၈၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရှေးခေတ်အီဂျစ်လူမျိုး အသုံးအဆောင်များနှင့် ဘရာဇီး၌ တွေ့ရှိခဲ့သည့် ကမ္ဘာ့အသက်အကြီး ဆုံး လူသားကျောက်ဖြစ်ရုပ်ကြွင်း အပါအဝင် ရှေးဟောင်းသုတေသန နှင့် သမိုင်းဆိုင်ရာပစ္စည်းများကို စုဆောင်းပြသထားခြင်းဖြစ်သည်။
ယင်းပြတိုက်ရှိသဘာဝသမိုင်း ဆိုင်ရာ စုဆောင်းပြသထားမှုများ အနက် ဒိုင်နိုဆောအရိုးစုများနှင့် အမေရိကတိုက်တွင် တွေ့ရှိခဲ့ရသမျှ သက်တမ်းအရင့်ဆုံးဖြစ်သည့် နှစ် ပေါင်း ၁၂ဝဝဝ သက်တမ်းရှိအမျိုး သမီးတစ်ဦး၏အရိုးစုလည်း ပါဝင် သည်ဟု သိရသည်။
Ref: BBC News