images
UN
UN
မြန်မာနိုင်ငံသို့ အိန္ဒိယလေတပ်ဦးစီးချုပ် ချစ်ကြည်ရေးခရီးလာရောက်
NG Monday, 03 September 2018
အိန္ဒိယလေတပ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ဘီရန်ဒါဆင်းမ်ဒါနိုအာ သည် ယခုလ ၃ ရက်မှ ၈ ရက် အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကာ နှစ် နိုင်ငံကြားတွင် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုပြုလုပ်နိုင်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း အိန္ဒိယ အိတ်ဇ်ပရက်စ်သတင်းဌာနက ဖော် ပြသည်။
ဗိုလ်ချုပ်ကြီးဘီရန်ဒါဆင်းမ် ဒါနိုအာ၏ ချစ်ကြည်ရေးခရီးစဉ် သည်အတွေးအခေါ်အယူအဆများ ဖလှယ်ခြင်း၊ အပြန်အလှန်ထိတွေ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရန် ကြိုးပမ်းခြင်း၊ အပြန်အလှန်နားလည်မှုတိုးပွားရန် ကြိုးပမ်းခြင်းဆိုသောရည်ရွယ်ချက် များ ပါဝင်မည့်ခရီးစဉ်ဖြစ်ကြောင်း အိန္ဒိယလေတပ်၏ သတင်းထုတ် ပြန်ချက်အတွင်း၌ ဖော်ပြသည်။ ခရီးစဉ်အတွင်း၌ဗိုလ်ချုပ်ကြီးဘီရန် ဒါဆင်းမ်ဒါနိုအာသည် မြန်မာ့ တပ်မတော်နှင့် အိန္ဒိယစစ်တပ် ကြားတွင် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ဆောင် ရွက်နိုင်ရေး၊ နှစ်နိုင်ငံလေတပ် များကြား၌ ပူးပေါင်းလေ့ကျင့် မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံ တပ်မတော်များကြားတွင် စစ်ရေး လေ့ကျင့်မှုများ ပူးတွဲပြုလုပ်နိုင်မှု တိုးချဲ့နိုင်ရေး ဆိုသည့်အကြောင်း အရာများကို ဆွေးနွေးညှိနှိုင်းသွား မည်ဖြစ်သည်။ အိန္ဒိယနှင့်မြန်မာ ကြားတွင် ပြီးခဲ့သည့်နှစ်ပိုင်းများ အတွင်းမှစတင်ကာ စစ်ရေးလေ့ ကျင့်မှုများ ပူးတွဲပြုလုပ်မှု တိုး ပွားလာခဲ့သည်။