images
UN
UN
နည်းပြကိုထုတ်ပယ်ရန် ရိုးမားစဉ်းစားနေ
Monday, 03 September 2018
ရိုးမားသည် ရလဒ်ဆိုးများကြောင့် နည်းပြဒီဖရန်ဆစ္စကိုအား ထုတ် ပယ်ရန်စဉ်းစားနေပြီဖြစ်သည်။ ဒီဖရန်ဆစ္စကိုသည် ပြီးခဲ့သောရာသီတွင် ရိုးမားကိုကိုင်တွယ်ခဲ့သူဖြစ်ပြီး စုစုပေါင်း ၅၄ ပွဲတွင် ပွဲ ၃ဝ အထိ အနိုင်ရရှိစေရန် စွမ်းဆောင်ပေးထားနိုင်သောနည်းပြဖြစ်သည်။ သို့သော် ယခုရာသီအစပိုင်းတွင် ရလဒ်ကောင်းရန် ရုန်းကန်နေရပြီး စီးရီးအေပွဲစဉ် သုံးပွဲ၌ နိုင်ပွဲတစ်ပွဲသာရရှိသေးသည်။ အတ္တလန္တာကို သုံးဂိုးစီသရေကျ ခဲ့သောပွဲစဉ်နှင့် အေစီမီလန်ကိုရှုံးနိမ့်ခဲ့သောပွဲစဉ်တို့မှ ၄င်း၏အယူအဆ များနှင့်ပတ်သက်၍ ရိုးမားဘုတ်အဖွဲ့ကသံသယဖြစ်နေသည်ဟုသိရသည်။
လက်ရှိတွင် ရိုးမားသည် ကွန်တီနှင့် မွန်တဲလားတို့နှစ်ဦးအတွင်းမှ တစ်ဦးကို နည်းပြခန့်အပ်နိုင်ရန် ကြိုးစားမည်ဟုသိရသည်။ ကွန်တီ သည် ချဲလ်ဆီးမှထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသော် လည်း စီးရီးအေချန်ပီယံဖြစ်ခဲ့ဖူးသည့်အတွေ့အကြုံရှိသည်။ ထို့အပြင် မွန်တဲလားသည် ဆီဗီလာမှထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းသစ်မရှာဖွေ နိုင်သေးသော်လည်း အေစီမီလန်နှင့် ဖီအိုရင်တီးနားတို့ကို ကိုင်တွယ်ခဲ့ ဖူးသူဖြစ်သည်။ Ref ;Calcio News24