images
UN
UN
YBS(၂ဝ)မှ လမ်းပြင်လမ်းခင်းမှုများပြုလုပ်နေစဉ်ကာလအတွင်း လမ်းကြောင်းပြောင်းလဲပြေးဆွဲ
မေနဒီမြနွယ် Monday, 03 September 2018
OmniFocus ကုမ္ပဏီ၏သခင် မြပန်းခြံမှလှိုင်သာယာသို့ ပြေးဆွဲ လျက်ရှိသောYBS(၂ဝ)ယာဉ်လိုင်း မှလမ်းပြင်လမ်းခင်းမှုများပြုလုပ် နေစဉ်ကာလအတွင်း ယနေ့နံနက် ပိုင်းမှစတင်ကာ သခင်မြပန်းခြံမှ လှိုင်သာယာ( အပြန်)လမ်းကြောင်း ကိုပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus -YBS Facebook စာမျက်နှာတွင် ယမန်နေ့ညက ကြေညာထားကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် Omni Focus၏ ယာဉ်လိုင်းတစ်ခု ဖြစ်သော YBS(၂ဝ) ဖြတ်သန်းရာ လှိုင်သာယာမြို့နယ်အတွင်းရှိ ကျန် စစ်သားလမ်းတွင် လမ်းပြင်၊လမ်း ခင်းမှုများ ဆောင်ရွက်နေသော ကြောင့် ယာဉ်များသွားလာရာတွင် အခက်အခဲများစွာကြုံတွေ့နေရသည့် အတွက် ယနေ့နံနက်ပိုင်းမှစတင် ကာ သခင်မြပန်းခြံမှ လှိုင်သာ ယာ(အပြန်)လမ်းကြောင်းကို ကျန် စစ်သားလမ်းအား အသုံးမပြုတော့ ဘဲ ရန်ကုန်-ပုသိမ်လမ်း(အောက် လမ်း)အတိုင်း ယာယီပြေးဆွဲသွား မည်ဖြစ်ကြောင်း၊ကျန်စစ်သားလမ်း နှင့် ရန်ကုန်-ညောင်တုန်းလမ်း ပေါ်ရှိမှတ်တိုင်များဖြစ်သော ဈေး လေး၊ ရုံးရှေ့၊ တံတားဖြူ၊ မီးခွက် ဈေး၊ ၅ ထိပ်၊ စနေမ မှတ်တိုင် များသို့ ဖြတ်သန်းသွားမည်မဟုတ် ကြောင်းနှင့် သခင်မြပန်းခြံမှ လှိုင် သာယာ(အပြန်) လမ်းကြောင်းကို မူလအတိုင်းပြန်လည်ပြေးဆွဲမည့် နေ့ရက်ကို Omni Focus-YBS Facebook စာမျက်နှာတွင် ထပ်မံ အသိပေးကြေညာသွားမည်ဖြစ် ကြောင်း ပါရှိသည်။