images
UN
UN
ရလိုသောဆုတောင်း(ကဗျာ)
သက်နိုင်(ကြို့ပင်ကောက်) Monday, 03 September 2018
* အမုန်းတရား
လုံးပါးပါးလျက်
နှလုံးသားမှာ ကင်းပါစေ။
* အကြောက်အမျက်
အနှောင့်ယှက်တို့
ပျောက်ပျက်ပြယ်လို့ ကွယ်ပါစေ။
* မရှိစကား
မသိကြားဘဲ
ပြည့်ပွားကုံလုံကြပါစေ။
* ရတက်ပွေနောက်
အခက်ပြေပျောက်၍
မျက်ရည်ပေါက်တို့ ခြောက်ပါစေ။
* သစ္စာပြု၍
ဤဆုတောင်းများ နှလုံးသားမှ
ကိုးစားရည်ကာ ဆုတောင်းပါ၏။
* ကြာဖြူစင်ပန်း မြရေချမ်းကို
လှူဒါန်းဆက်ကာ ပူဇော်ပါ၏။
* မြန်မာရွှေပြည် တိုင်းဌာနီသည်
ရေကြည်လိုအေး ကြာလိုမွှေးကာ
အေးမြငြိမ်းချမ်း ဘေးမသန်းဘဲ
စိမ်းလန်းသာယာပါစေသတည်း။