images
UN
UN
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို သပိတ်ကျင်းမြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ
သုတ(မန္တလေး) Tuesday, 04 September 2018
ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့ ရွှေဝါဝင်းခန်းမ တွင် ဗဟိုအမျိုးသမီးညီလာခံအကြို သပိတ်ကျင်း မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင် ကျော်မိုး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားအား အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ် ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှနေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံ အားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုးက အဖွင့် အမှာစကားပြောကြား၍ သပိတ် ကျင်းမြို့ ကဘဲ့ရပ်ကွက်မှ ပါတီ ဝင်တစ်ဦးဖြစ်သော မဂျူလိုင်မြင့် အောင်က ဗဟိုအမျိုးသမီးညီလာခံ အကြို သပိတ်ကျင်းမြို့နယ် အမျိုး သမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ခဲ့သည်။
ထို့နောက် ချောင်းကြီးကျေးရွာ မှ ရွှေမိခင်တောင်နှင့် ရွှေစုစုသန်း ကုမ္ပဏီ၏ MDသုဓမ္မသိင်္ဂီ ဒေါ်ကြည်ကြည်နွဲ့(ခ)ဒေါ်စုစုသန်း က မြို့နယ်ပါတီအား အလှူငွေ ကျပ်သုံးသိန်း ပေးအပ်လှူဒါန်းခဲ့ ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း တင့်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကာ အစီအစဉ် ပထမပိုင်းပြီးဆုံး ၍ သဘာပတိအဖွဲ့မှ ပြန်လည် ထွက်ခွာခဲ့သည်။
အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစု အဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း လေးစောင်အား တင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင် ရွက်ခဲ့ကြသည်။
ဆက်လက်၍ အစီအစဉ် တတိယပိုင်းကို ကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာ ယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက် မှတ်တမ်းတင် ဆွေးနွေးခဲ့ကြသော စာတမ်းများ ဖြစ်သည့် မြန်မာအမျိုးသမီးများ နှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို သပိတ် ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်မှ ပါတီဝင် မမြင့်မြင့်မော်ကလည်း ကောင်း၊ မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို တွင်းငယ်ကျေးရွာမှ ပါတီဝင်မစိမ်းလဲ့လဲ့ထွန်းကလည်း ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်း ရေး၊ အမျိုးသမီးများ၏အခွင့်အရေး များကို ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံနှင့်အညီ အကောင်အထည် ဖော်ဆောင်ရေးစာတမ်းကို ဇရပ် ကွင်းကျေးရွာမှ မခင်ခင်ချိုက လည်းကောင်း၊ အမျိုးသမီးပါတီ ဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင်အမျိုးသမီးများ အား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုး ထောင်ပေးရေး စာတမ်းကို ချောင်း ကြီးကျေးရွာမှ မရွှေရည်မျိုးသန့် ကလည်းကောင်း ဖတ်ကြားတင် သွင်းခဲ့သည်။
ထို့နောက် သပိတ်ကျင်းမြို့ နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ ကာ သဘာပတိမှ ဖတ်ကြားတင် သွင်းခဲ့သော စာတမ်းများအားမှတ် တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းတင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်း အနားအား 'ပြည်ခိုင်ဖြိုးဟေ့'တေး သီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်း ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးအောင် ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်လှလှအေး၊တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပြင်ဦး လွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့် စိုးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။