images
UN
UN
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ
ခိုင်မာ Wednesday, 05 September 2018
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များတွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသ စရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသ များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုတို့မှ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ များအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ခေါ်ယူထားကြောင်း သိရသည်။
သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ယခုလ ၂၈ ရက်နောက်ဆုံးထား၍ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက် ပေးပို့လျှောက် ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် မေးမြန်းစုံစမ်း နိုင်ကြောင်း သိရသည်။