images
UN
UN
ဘီးလင်းတွင် နှစ်ရက်အတွင်း ဘီးလင်းမြစ်ရေစိုးရိမ်ရေအမှတ်သို့ရောက်ရှိနိုင်
နိုင်နိုင်(မွန်) Wednesday, 05 September 2018
မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန(ရုံးချုပ်)၏ ယမန် နေ့နံနက် ၁၁နာရီထုတ်ပြန်ချက်အရ နောက်နှစ်ရက်အတွင်း ဘီးလင်း မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေ အမှတ်သို့ရောက်ရှိလာနိုင်ကြောင်း၊ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ် ကမ်းအနီးနှင့်မြေနိမ့်ပိုင်းဒေသများ တွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံ ပြုထားကြောင်း၊ ယင်းနေ့ ညနေ ၄နာရီခွဲတွင် ဘီးလင်းမြစ် ရေသည် ၉၇၆စင်တီမီတာသို့ ရောက်ရှိ နေပြီး စိုးရိမ်ရေ အမှတ်မှာ ၁ဝ၂၂ စင်တီမီတာဖြစ်သဖြင့် စိုးရိမ်ရေ အမှတ်သို့ရောက်ရှိရန် ၄၆ စင်တီ မီတာ တစ်ပေခွဲခန့်သာလိုကြောင်း သိရသည်။