images
UN
UN
လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်
Wednesday, 05 September 2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်၏ အရှေ့ဘက်၁၁မိုင်ခန့်အကွာဖာလန် ကော်ကျေးရွာအုပ်စု တောင်သုံးလုံး ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာဦးမောင်စိုးတောင်ယာ လုပ်ကိုင်သူ၏နေအိမ်ရှိ NEP ဆိုလာဘက်ထရီအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်။တောင်သုံးလုံးကျေးရွာတွင်အိမ်ခြေ ၁၉အိမ် လူဦးရေ ၉၁ ဦးရှိသည့် အနက် သွပ်မိုး၊ အုတ်ညှပ် ပေ၃ဝ ပတ်လည်၊ အမြင့်၁၂ ပေ နေအိမ် တစ်လုံး၊ (huojue)ဆိုင်ကယ် တစ်စီး၊ လူဦးရေခုနစ်ဦး မီးဘေး သင့်ခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ဝဝဝဝဝ၊ လူနှင့်တိရစ္ဆာန် များဆုံးရှုံးမှုမရှိခဲ့ကြောင်းသိရသည်။
မီးလောင်သည့် နေရာတွင် မီးသတ်ကားနှစ်စီး၊ မီးသတ် ရေသယ်ယာဉ်တစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရွာသူရွာသား များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝနာရီ မိနစ် ၂ဝ တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက်၁ဝနာရီ၃၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ သည်။မီးဘေးသင့်မှုဖြစ်ပွားခဲ့သော မိသားစုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ လှူဒါန်း ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အဆိုပါ မီးစတင်လောင်ကျွမ်း စေသည့်နေအိမ်ပိုင်ရှင် ဦးမောင်စိုး (တောင်သုံးလုံးကျေးရွာနေသူ)အား မိုင်းခတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရးယူထားကြောင်း သိရသည်။