images
UN
UN
မြန်မာနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်ထောက်ပြဝေဖန်
တင်တင်အေး Wednesday, 05 September 2018
မြန်မာနိုင်ငံတွင် ကျွမ်းကျင် လုပ်သားရှားပါးနေကြောင်း မင်း ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မြင့် က ယနေ့တွင် ထောက်ပြဝေဖန် ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၅ရက်မြောက် နေ့အစီအစဉ်တွင် ဆိပ်ကမ်းမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးတင်မောင်ဝင်း တင်သွင်း သည့်
ကျွမ်းကျင်မှုဆိုင်ရာ အသက် မွေးဝမ်းကျောင်းပညာရေးနှင့် သင် တန်း(Technical and Vacational Education and Training (TVET)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် စက်မှုလက်မှုအထက်တန်း ကျောင်း(Technical high School)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (Government Technical Institute)၊ နည်းပညာတက္ကသိုလ်(Technical University)တို့ကို တိုးချဲ့ဖွင့် လှစ်သင်ကြားနေရာ တိုင်းပြည် အတွက် အမှန်တကယ် လိုအပ်နေ သော ကျွမ်းကျင်လုပ်သားများ (Skilled Workers)၊ ကျွမ်းကျင် ပညာရှင်များ (Technicans)၊အင်ဂျင်နီယာပညာရှင်များ(Engineers)တို့၏လိုအပ်သော အရေအတွက်ကို သုတေသန ပြုလုပ်ပြီးမှသာလျှင် သင့်လျော်သော မူဝါဒနှင့် နည်း ဗျူဟာ(Apporiate Policy and Strategy)များ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါကြောင်းကိုပြည် ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း'' အဆိုကို ထောက်ခံ ဆွေးနွေးရာ၌ မင်းကင်းမဲဆန္ဒနယ် မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးမောင်မြင့်က ''နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တွေထဲမှာ စီးပွားရေးကိုအခြေခံတဲ့ အတတ် ပညာနဲ့ အရင်းအနှီးတွေဖိတ်ခေါ် ပြီးတော့မှ စက်မှုနိုင်ငံတော် တည် ဆောက်ရေးဆိုတာက အချုပ်ပဲဖြစ် ပါတယ်။ စက်မှုနိုင်ငံ တစ်နိုင်ငံ အတွက် မရှိမဖြစ်လိုတာက အင် ဂျင်နီယာ၊ နည်းပညာရှင်၊ ကျွမ်း ကျင်လုပ်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီသုံးမျိုးကို ထုတ်ပေးနေပေမယ့် လက်တွေ့ လုပ်ငန်းခွင်မှာလိုအပ်နေတဲ့ အချိုး အစားအတိုင်းမွေးထုတ်ပေးနိုင်ခြင်း မရှိတာကတော့ သေချာပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးမှုနဲ့ ကျွမ်းကျင်ပညာ ရှင်နဲ့အင်ဂျင်နီယာအချိုးဟာ ပြောင်း ပြန်အချိုးဖြစ်နေပြီးတော့ ကျွမ်း ကျင်လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင် နေရပါတယ်။ လိုအပ်ချက်အရ ဆို ရင်တော့ အင်ဂျင်နီယာက နည်း နည်း ကျွမ်းကျင်လုပ်သားက များ များ ဖြစ်နေပေမယ့်လည်း ပြောင်း ပြန်ဖြစ်နေပါတယ်''ဟု ထောက်ပြ ဆွေးနွေးခဲ့သည်။
ထို့ပြင်ဦးမောင်မြင့်က''အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းဆိုင်ရာ လက်စွဲစာအုပ် ပါအချက်များအရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကျောင်း ၄၂ ကျောင်းကနေ စုစုပေါင်း ၆၃ဝ၅ ယောက်ပဲ မွေးထုတ်ပေးနိုင်ခဲ့တယ် လို့ သိရပါတယ်။ အင်ဂျင်နီယာနဲ့ အတတ်ပညာရှင်မွေးထုတ်ပေးမှုဟာ နိုင်ငံအတွက်လိုအပ်ပါတယ်။ ဒါ ပေမဲ့ ကျွမ်းကျင်လုပ်သားလည်း လိုနေပါသေးတယ်။ ဒါကြောင့်မို့ လို့ ကျွမ်းကျင်လုပ်သားကို တိုးမြှင့် ပြီးတော့ ထုတ်လုပ်ပေးဖို့ တင်ပြလို ပါတယ်''ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ယင်းအဆိုနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ အဆိုအပေါ်ဆွေးနွေး မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးကပြန်လည်ရှင်းလင်းဆွေး နွေးခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ် ကိုရယူခဲ့ရာ လွှတ်တော်ကသဘော မတူသူ မရှိသည့်အတွက် အဆိုကို အတည်ပြုကြောင်း ကြေညာခဲ့ သည်။