images
UN
UN
ဒီမောဆိုမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး
ရီရယ်(ဒီမောဆို) Friday, 07 September 2018
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီမောဆိုမြို့နယ်တွင် ယာဉ်အသုံးပြု သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်း ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များက ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်-ဒီမောဆို သွားပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ ငွေတောင်ဆည်ရှေ့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် ယာဉ်အသုံးပြုသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ၊ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများ မပြုရန်၊ သဲတင်မော်တော်ယာဉ်များအနေဖြင့် ခရီးသွားပြည်သူများအတွက် အန္တရာယ်မဖြစ်ပေါ်စေရေး မိုးကာအုပ်၍ မောင်းနှင်ရန်၊ ဆိုင်ကယ် မောင်းနှင်သူများ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များပါရှိရန် ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။