images
UN
UN
မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်အရောင်းပြပွဲကျင်းပ စက်ဆီ ချောဆီ တာယာနှင့်ယာဉ်အပိုပစ္စည်းများရောင်းချ
မောင်ပြည်သူ(မန္တလေး) Saturday, 08 September 2018
WINNER Economics Enterprise Service Co.,Ltd.မှ ကြီးမှူးကျင်းပသည့် Mandalay Motor Car&Cycle Show မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အရောင်းပြပွဲကို ယမန်နေ့မှ ယခုလ ၁ဝ ရက်အထိ မန္တလေးမြို့တော်ခန်းမ၌ ကျင်းပရာ KIA& PEUGEOT Brand New Car များ၊ အမေရိကန်နိုင်ငံလုပ် FORD မော်တော်ယာဉ်အသစ်များ၊ ဂျပန်နိုင်ငံထုတ် SU ZUKI မော်တော် ယာဉ်သစ်များ၊NISSAN ယာဉ်များ၊ ကိုရီးယားနိုင်ငံထုတ် HYUN-DIA မော်တော်ယာဉ်များအား ဘဏ်များဖြင့် ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် လည်းကောင်း၊ အီတလီ၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် နိုင်ငံထုတ် ဆိုင်ကယ်များကို စက်ရုံများမှတိုက်ရိုက် အထူးနှုန်းဖြင့် လာရောက်ရောင်းချပေးလျက်ရှိသည်။ ကုမ္ပဏီများမှလည်း စက်ဆီ ချောဆီများ၊ တာယာများ၊ ကားအလှဆင်ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများအား အထူးနှုန်းဖြင့် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ရောင်းချပေးရာ လာရောက်လေ့လာသူဝယ်ယူသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။