images
UN
UN
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရာအချို့တွင် အကူအညီများ စပေးမည်ဟု အတည်ပြု
NG Saturday, 08 September 2018
ကုလသမဂ္ဂအဖွဲ့အစည်းများ ဖြစ်သော ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် လိုအပ်သည့် အကူအညီများ စတင်ပေးအပ်ရန် အသင့်အနေအထားသို့ ရောက်ရှိ ပြီဟု အတည်ပြုခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ဖော်ပြသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံးနှင့် ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရောက် ရှိနေသော နေရပ်စွန့်ခွာလာသူများ အား ပြန်လည်လက်ခံကာ နေရာ ချထားမှုများ ပြုလုပ်မည့်အစီအစဉ် များ၌ ပူးပေါင်းပါဝင်ရန် မြန်မာ အစိုးရနှင့် သဘောတူညီမှု ရယူ ထားပြီးဖြစ်သည်။ အဆိုပါအဖွဲ့ နှစ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာ ၂၃ရွာတွင် လိုအပ်သည့် အကူအညီများပေး အပ်ရန် အသင့်အနေအထားသို့ ရောက်ရှိကြောင်း အတည်ပြုထား သည်။ ကုလသမဂ္ဂအဖွဲ့၏ ပြော ရေးဆိုခွင့်ရှိသူဖြစ်သော စတီဗင် ဒူဂျာရစ်က ''ဇူလိုင်လကတည်းက မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပြီး လုပ်ဆောင်ရမယ့်အရာတွေအတွက် ပြင်ဆင်ခဲ့ပါတယ်။ လက်တွေ့ အကျိုးသက်ရောက်စေမယ့် ယုံ ကြည်မှုတည်ဆောက်ရေးအစီအစဉ် တွေကို တစ်ပါတည်းဖော်ဆောင် နိုင်ဖို့ အဘက်ဘက်က ပြင်ဆင်မှု တွေ လုပ်နေပါတယ်''ဟု ပြော ကြားခဲ့သည်။