images
UN
UN
သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ် စက္ခုဒါနဆေးရုံတော်၌သတ္တမအကြိမ်မြောက် မျက်စိစမ်းသပ်ခွဲစိတ်ကုသမည်
Saturday, 08 September 2018
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့ သီတဂူရွှေဥရာစု သစ် စက္ခုဒါနဆေးရုံတော်၌ သတ္တမအကြိမ်မြောက် မျက်စိစမ်းသပ် ခွဲစိတ်ကုသမည့်အစီအစဉ်ကို သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယခုလ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် စမ်းသပ်ခွဲစိတ်ကုသပေးမည် ဖြစ်သည်။
မျက်စိစမ်းသပ်ခွဲစိတ်ကုသလိုကြသည့် မျက်စိဝေဒနာရှင်များ ယနေ့မှစ၍ ယခုလ ၁၂ ရက်အထိ နောက်ဆုံးထားကာလာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။