images
UN
UN
ပြည်ထောင်စုနယ်မြေတွင် ပါတီဝင်လူငယ်များ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်
ပေါ်ဦး Saturday, 08 September 2018
ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမ တွင် ယနေ့နံနက် ၉ နာရီခွဲက ပါတီဝင်လူငယ်များ စွမ်းရည်မြှင့် တင်ရေးဆိုင်ရာ ဆွေးနွေးပို့ချမှု သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပါတီဝင်လူငယ်များ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပို့ချ မှုပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ပြည်ထောင်စု နယ်မြေပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ
ဦးဝေလွင်က မြန်မာနိုင်ငံအား မဟာဗျူဟာအမြင်ဖြင့် လေ့လာ ခြင်းဘာသာရပ်၊ လူထုဟောပြော စည်းရုံးခြင်း ဘာသာရပ်နှင့် စာပေရေးသားနည်း ဘာသာရပ်များကို ပုဗ္ဗသီရိမြို့နယ်အတွင်း ရှိ ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စုတို့မှ ပြည်ခိုင်ဖြိုးပါတီဝင် သင်တန်းသား ၂၅ဝ ကို သင်တန်းဆွေးနွေးပို့ ချခဲ့သည်။
အဆိုပါဆွေးနွေးပို့ချပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီမှ ကော်မတီဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့် ကြိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများနှင့်ပါတီဝင်လူငယ်များ၊ဖိတ်ကြားထားသူများ၊ သင်တန်း သား သင်တန်းသူများစုစုပေါင်းအင်အား ၂၇ဝ ခန့် တက်ရောက်ခဲ့ ကြောင်းနှင့် ညနေ ၄ နာရီခွဲတွင် ဆွေးနွေးပို့ချမှုပြီးဆုံး အောင် မြင်ခဲ့ကြောင်း သိရသည်။