images
UN
UN
မိုဒယ်လ်မြင့်ကားများနှင့် တန်ဖိုးမြင့်ကားများ အရောင်းအဝယ်အေး
ထက်မြတ်(မန္တလေး) Sunday, 09 September 2018
မန္တလေးကားဈေးကွက်အတွင်း တွင် မိုဒယ်လ်မြင့်ဘယ်မောင်းကား နှင့်တန်ဖိုးမြင့်ကားများမှာအရောင်း အဝယ် အေးနေသော်လည်း တန်ဖိုး သင့်တင့်သော ကားအမျိုးအစား များမှာ အရောင်းအဝယ်ပုံမှန်ရှိနေ ကြောင်းလမ်း၆ဝကားရောင်းဝယ် ရေးစခန်းမှ သိရသည်။
''အမြင့်ကားဝယ်နိုင်တဲ့သူက နည်းလို့ အရောင်းအဝယ်သိပ်မရှိ တာပါ။ အဓိက ဈေးနှုန်းသင့်တင့် တဲ့ ၁၃ဝဝ စီစီ ကားလေးတွေ အရောင်းအဝယ်ဖြစ်နေတာ။ ကား သစ်တင်သွင်းမှုကလည်း မရှိသ လောက်နည်းသွားတယ်'' ဟု အဆိုပါ ကားရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးမောင် မောင်မျိုးတင့်က ပြောသည်။
လက်ရှိဈေးကွက်ထဲတွင် ကျပ် သိန်း၁၅ဝ ဝန်းကျင်ရှိ MDY လိုင်စင်ကားဟောင်းများဖြစ်သည့် ဟွန်ဒါဖစ်၊ ဟွန်ဒါ အင်ဆိုက်၊ တိုယိုတာဗစ်၊ မာစတာဒီမီယိုနှင့် အေဒီဗင် စသည့်အမျိုးအစားများ မှာ အရောင်းအဝယ်ဖြစ်နေသကဲ့သို့ ကျပ်သိန်း ၂၃ဝမှ ၂၇ဝ ဝန်းကျင်ရှိ သည့် အယ်လ်ဖတ်၊ ကလူဂါ၊ ကရောင်းနှင့် ရွှေငါးမတ်တူးများမှာ လည်း လူကြိုက်များခြင်းကြောင့် အရောင်းအဝယ် အနည်းငယ်ရှိ ကြောင်း သိရသည်။
ကားတင်သွင်းရာတွင်အသုံးပြု သည့် စလစ်ဈေနှုန်းမှာ မြင့်တက် လျက်ရှိခြင်းကြောင့် အသစ်တင် သွင်းမှုမရှိခြင်း ဖြစ်ပြီး စက်တင် ဘာတွင် သက်တမ်းနှစ် ၂ဝ အမည်ပေါက်စလစ် ကျပ်သိန်း ၁၂ဝ၊ တိုက်ကြေစလစ် ၁၁၅သိန်း၊ စက်မှုဇုန်လူစီး စလစ် သိန်း၁၁ဝ၊ တက္ကစီစလစ် ကျပ် ၁ဝ၅ သိန်း ရှိနေကြောင်း သိရသည်။
ကျပ်သိန်း၁ဝဝ ဝန်းကျင်ခန့် ရှိသည် ခွေးဘီးလူး(ငြညငွှမကခု) များမှာလည်း ပုံမှန်အရောင်းအဝယ် ဖြစ်နေပြီး ဆူဇူးကီး အမျိုးအစား ကျပ်၇၅သိန်းမှ ၈ဝခန့်၊ ဟိုက်ဂျက် ကျပ် ၈၅သိန်းမှ ၁၂ဝ ဝန်းကျင်ရှိ ကာ အများဆုံးရောင်းချရမှုမှာကျပ် သိန်း၈ဝမှ ၉ဝ အတွင်းဖြစ်ကြောင်း သိရသည်။