images
UN
UN
နိုင်ငံရေးရပ်ဝန်းဆိုင်ရာ သဘောတူညီမှုမရရှိခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ တုံ့ဆိုင်းနေခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌပြော
သူရကို Sunday, 09 September 2018
နိုင်ငံရေးရပ်ဝန်းဆိုင်ရာသဘော တူညီမှုမရှိခြင်းကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင်တုံ့ဆိုင်းနေသော အခက်အခဲကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်းကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုးက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယမန်နေ့ကပြုလုပ်ခဲ့သော တတိယ အကြိမ်မြောက်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ထိပ်သီး ညီလာခံအဖွင့်အမှာစကား၌
အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
ထိုသို့ အခက်အခဲများကို ရင် ဆိုင်ကျော်လွှားနိုင်ရန် ဆုံးဖြတ်ပိုင် ခွင့်ရှိသော ခေါင်းဆောင်များအကြား အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် ဘုံရည်မှန်းချက်နှင့် ဘုံစံနှုန်းများ ညှိနှိုင်းရန် လိုအပ်ကြောင်း ပြော သည်။
အဆိုပါ ဘုံသဘောထားများ တည်ဆောက်သည့်နေရာတွင်NCA လက်မှတ် မထိုးရသေးသော အဖွဲ့ များလည်း မဖြစ်မနေပါဝင်ရမည် ဖြစ်ကြောင်းပြောသည်။
ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြားမတူ ကွဲပြားမှုများကို နားလည်လက်ခံ ပြီး ကွာဟမှုများကို အသိအမှတ် ပြုကာ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ဘုံသဘောထားရပ်တည် ချက်များကို ခိုင်ခိုင်မာမာချမှတ် အကောင်အထည်ဖော်နိုင်ရန်ညှိနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းပြော ကြားခဲ့ကြောင်း သိရသည်။