images
UN
UN
ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဂျပန်ယန်းသန်း ၈ဝဝ ဘီလီယံကို ပေးအပ်ကူညီမည်
မောင်စိန်ဝင်း Monday, 10 September 2018
ရန်ကုန်မြို့၏ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဂျပန်နိုင်ငံ အစိုးရမှ JICA အစီအစဉ်ဖြင့် ၂ဝ၂ဝ ပြည့်နှစ်အထိ ဂျပန်ယန်းသန်း ၈ဝဝ ဘီလီယံကိုပေးအပ်ကူညီသွားရန် မြန်မာအစိုးရနှင့်ကတိကဝတ်များ ပြုထားကြောင်း JICA Myanmar Office မှ Chief Representative Mr.Masayuki KARASAWA က ပြောကြားသည်။
ယခုအခါတွင် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူလူထုတို့ပူးပေါင်းကာ JICA အစီအစဉ်ဖြင့် ရန်ကုန်မြို့ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ၊RBE မီးရထားစက်ခေါင်းတွဲဆိုင်းများ ပေးအပ် ကူညီခြင်းနှင့် တံတားတည်ဆောက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရန်ကုန်မြို့တော်၏နေထိုင်သူ လူဦးရေ သည် ယခုအခါတွင် လူဦးရေငါးသန်းကျော်အထိ တိုးတက်လာခဲ့ပြီဖြစ်ရာ လာမည့် ၂ဝ၃၅ ခုနှစ်တွင် နေထိုင်သူဦးရေရှစ်သန်းကျော်ခန့်ရှိလာမည်ဟု မျှော်မှန်းထားကြောင်း၊ ထိုအခိုက် မြို့နေလူထု၏နေ့စဉ်ဘဝများကိုအကျိုး သက်ရောက်မှုရှိနေသော ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းနိုင်ရန် မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးလိုအပ်သည်များ ရန်ကုန်မြို့ပြ၏ စိန်ခေါ်မှုလိုအပ်ချက်များဖြစ် ပေါ်လာမည်ဖြစ်ကြောင်း JICA Myanmar Office မှ သိရသည်။