images
UN
UN
ဂန္ထဝင်ကဗျာမှ သုံးရောင်ခြယ်ကဗျာ
ဦးမောင်ဟန်စိုး(ကြို့ပင်ကောက်) Tuesday, 11 September 2018
မြန်မာဘာသာစကား သင်ကြားမှု၊ ဘာသာရပ်၏အရသာခံစားနိုင်မှု၊ လိုအပ် ချက်သည် လွန်စွာအရေးကြီးလှသည်။ မြန်မာစာနှင့် မြန်မာစကား မြန်မာ့ရနံ့စာ များအပေါ် ခံစားနိုင်မှု၊ တွေးတောနိုင်မှု၊ အာရုံစူးစိုက်မှု လျော့နည်းနေခြင်းသည် မြန်မာနိုင်ငံအနာဂတ်အတွက် မည်သို့မျှ မကောင်းနိုင်ပါ။
မိမိဘာသာ၊ မိမိယဉ်ကျေးမှုကို အနာ ဂတ်လူငယ်များအထင်သေးပြီး တိုင်းချစ် ပြည်ချစ်စိတ်များ လျော့နည်းသွားနိုင် သည်။ မြန်မာလူမျိုးဖြစ်၍ မြန်မာ့ဘဝ၊ မြန်မာ့ဝန်းကျင်မြင့်မားတိုးတက်လာရန် မျိုးဆက်သစ်လူငယ်များ၏ ကာယစွမ်း ရည်၊ ဥာဏစွမ်းရည် နှစ်ရပ်စလုံးစုံညီ အောင် ဖြည့်ဆည်းဆောင်ရွက်အားပေး ရမည်မှာ နိုင်ငံတော်၏တာဝန်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပုဂံခေတ် အနော် ရထာမင်း၏ အားထုတ်မှုကြောင့် ဗုဒ္ဓဘာ သာထွန်းကားသောနိုင်ငံဖြစ်လာ၏။ ပုဂံ ၌ စေတီပုထိုးများပြား၏။ အလှူမှတ် တမ်းကျောက်စာ များစွာရှိ၏။ ကျောက် စာများသည် မြန်မာစာပေ၏အဦးအစပင် ဖြစ်သည်။ မြန်မာစကားပြေနှင့်အတူ မြန် မာကဗျာထွန်းကားခဲ့၏။
ရာဇကုမာရ်ကျောက်စာ မြန်မာစကား ပြေအရေးအသားသည် အစောဆုံးစကား ပြေအရေးအသားဖြစ်ကြောင်း ထင်ရှားခဲ့ ၏။ ရာဇကုမာရ်မင်းသားသည် ဖခင် ကျန်စစ်သားမင်းကြီး၏ ကျေးဇူးကို သိရှိ ပြီး ကျေးဇူးဆပ်နိုင်ခဲ့သော သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်ပွင့်ဖြစ် ၍ မြန်မာ့သမိုင်းတွင် ဂုဏ်ဝင့်နေသည့် မှတ်တမ်းဖြစ်သည်။
မြန်မာစာဆရာကြီး ဦးဖေမောင်တင် က မြန်မာ့ယဉ်ကျေးမှုအစသည် မြန်မာ စာရာဇကုမာရ်ကျောက်စာမှ အစပြုခဲ့ သည်ဟု မိန့်ဆိုခဲ့ပါသည်။ ''မြန်မာ့ယဉ် ကျေးမှုအစ မြန်မာစာက''ဟုဆိုလျှင် မှန်သောအဆိုဖြစ်ပါသည်။
အင်းဝခေတ်တွင် မြန်မာကဗျာများ ထွန်းကားခဲ့၏။ စာဆိုများက ရဟန်းစာ ဆိုများဖြစ်ပြီး ဘာသာရေးအငွေ့အသက်မှ ကင်းသော စာကဗျာဟူ၍ မရှိခဲ့ချေ။
ဗုဒ္ဓစာပေသည် မြန်မာစာပေဘဏ္ဍာ တိုက်ထဲသို့ အမွေအနှစ်များစွာ သိမ်း ဆည်းထားခဲ့သည်။ မြန်မာကဗျာသည် ဗုဒ္ဓ၏အတွေးခေါ်များ၊ ဇာတ်ဝတ္ထုများ ဖြင့် ကြွယ်ဝချမ်းသာခဲ့သည်။ ရှင်မဟာ သီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်ဥတ္တမ ကျော်၊ ရှင်အဂ္ဂသမာဓိ စသော အင်းဝ ခေတ်စာဆိုကျော်များသည် မိမိတို့ ကိုယ် ပိုင်Óဏ်စွမ်းနှင့် ဗုဒ္ဓ၏စာပေပိဋကတ် အရိပ်အငွေ့များကို အစွမ်းကုန်သီကုံးဖွဲ့ ဆိုခဲ့ကြသည်။
ထိုမှ မြန်မာ့ဂန္ထဝင်ကဗျာ အုတ်မြစ် ခိုင်မာစွာချနိုင်ခဲ့သည်။
ဗုဒ္ဓသာသနာရောင် နေလိုထွန်းပြောင် အောင် သာသနာပြုခဲ့ကြသော မြန်မာမင်း များလက်ထက်တွင် ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့၊ ကိုးခန်းပျို့၊ ဘူရိဒတ် လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နေမိဘုံခန်းပျို့၊ ရှင်ဥတ္တမကျော် တော လား စသည်ဖြင့် ဂန္ထဝင်ပျို့ကဗျာကြီး များ ထွန်းကားခဲ့ကြ၏။
လူ့လောက ရနံ့သင်းသော ကဗျာ အချို့ကိုလည်း တင်ပြလိုပါသည်။ ရှင် မဟာရဋ္ဌသာရက''တောင်ကို မဖောက် တောင်းကိုဖောက်သည်၊ စူးဆောက်ပမာ ရဋ္ဌသာ''၊ရှင်မဟာသီလဝံသက''တောင်း ကိုမဖောက်၊ တောင်ကိုဖောက်သည်၊ စိန်၊ ကျောက်အသွင် သီလဝင်''ဟူသော အဖွဲ့ များကို သိရှိခံစားရပါသည်။
ရှင်မဟာသီလဝံသက ''ငါသာငါ့ ထက်၊ မာန်မတက်နှင့်''ဟု ရှင်မဟာရဋ္ဌ သာရကို သတိရဖို့မိန့်ဆိုသောအခါ ရှင် မဟာရဋ္ဌသာရက ''ငါနှင့်ငါသာ၊ နှိုင်း စရာ''ဟု ပညာမုန်ယို၊ အရွယ်ပျိုက ဆိုမိမှား၍ ဝန်ချတောင်းပန်ပုံမှာ ''ဤ စာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန် လျော့၊ ကျွန်ကန်တော့၏''ပညာရှိ၍ သတိရပုံကဗျာအဖွဲ့ကိုလည်း သိရှိခံစား ရပါသည်။
''လေခမြေသက်၊ ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့
ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား''
ရှင်ဥတ္တမကျော်
ဤသို့တောရိပ်အငွေ့အသက်ထုံမွှမ်း သော အင်းဝခေတ်ကဗျာကိုလည်း သိရှိ ခံစားရပါသည်။ ချစ်ခင်ရိပ်၊ ကြင်နာရိပ်၊ လောကီအငွေ့အသက် ထုံမွှမ်းသော တောင်ငူခေတ်။ တောသံတောင်သံ၊ လှုပ် ရှားရုန်းကန်အားမာန်ပါသော တျာချင်း၊ အိုင်ချင်းထွန်းကားသည့် ညောင်ရမ်း ခေတ်။ စစ်သံ၊ ခရာသံနှင့် ဓား၊ လှံဖွေး ဖွေး စစ်ရေး၊ စစ်ဗျူဟာဆင်ခဲ့ကြသည့် ကုန်းဘောင်ခေတ်ဦးက လက်ဝဲသုန္ဒရ၊ စိန္တကျော်သူစသည့် မျိုးချစ်ဇာတိမာန် တေးသံများနှင့်အတူ လူမှုရေးရာအဖြာဖြာ ကျယ်ကျယ်ဝန်းဝန်းဖွဲ့ဆိုထားကြသည့် တေးကဗျာများ၏ရသကို ခံစားခွင့်ရခဲ့ သည်။
မြန်မာကဗျာသည် ကုန်းဘောင် ခေတ်တွင် ရောင်စုံယှက်သန်း၍ အဘက် ဘက်မှထွန်းကားလာခဲ့သည်။ ကဗျာချစ် စာချစ်သူတို့မှာ ဦးပုည၊ အချုပ်တန်းဆရာ ဖေ၊ လှိုင်ထိပ်ခေါင်တင်၊ ဦးတိုး၊ ဦး ကြင်ဥစသည့်စာဆိုကြီးတို့၏ လက်ရာ များ၏ ခမ်းနားဆန်းပြားသောအလှများ ကို ခံစားခွင့်ရခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်တိုင်အောင် ကိုယ့်မင်း ကိုယ့်ချင်းနေလာခဲ့ရာမှ ၁၈၈၅ခုနှစ်တွင် သူ့ကျွန်ဘဝရောက်ခဲ့သည်။ မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ် ပြီ။ အစချီသည့်လူမျိုးဂုဏ်မထိန်းသူ၊ မျိုးချစ်စိတ်ကင်းမဲ့သူတို့ကိုတွေးမိတိုင်း အရိုးနာတယ်၊ အမျိုးပါဆဲချင်ပေါ့လေး ရေးဖွဲ့ခဲ့သည့် အချုပ်တန်းဆရာဖေ။
ကိုလိုနီခေတ်တွင် စာဆိုတို့သည် ကိုယ့်နိုင်ငံ၊ ကိုယ့်အုပ်ချုပ်ရေးကိုမျှော်မှန်း သောတေးကဗျာများရေးသားသီကျူးကြ သည်။ ထူးခြားသောစာဆိုကြီးလေးဦးမှာ မန်လည်ဆရာတော်၊ လယ်တီဆရာတော်၊ မောင်းထောင်ဦးကျော်လှနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ဖြစ်သည်။
မန်လည်ဆရာတော်သည် ''မဃ ဒေဝလင်္ကာကြီး''ကို ရေးဖွဲ့ခဲ့သည်။ လယ်တီဆရာတော်ကား ဗုဒ္ဓသာသနာပြု အကျော်အမော် စာပေကျမ်းဂန်တတ် ကျွမ်းသော ဆရာတော်အဖြစ်ထင်ရှား၍ အင်္ဂလိပ်ဘုရင်ခံက ဒီ-လစ်ခေါ် ဒေါက် တာဘွဲ့အဂ္ဂမဟာပဏ္ဍိတဘွဲ့များကို ဆက် ကပ်ခြင်းခံခဲ့ရသည်။ ဦးကျော်လှကား ရုပ်သေးစာဆိုဖြစ်သည်။ သူ့လျှာဖျား အားကိုးနှင့် အရပ်စကားကိုသာ သံစဉ် ပြေချောအောင်ဆိုသည်။ လူထုထဲက စာ ဆိုဖြစ်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အမျိုးသားစာဆိုတော်ကြီးဟူ၍ မော်ကွန်း ထိုးရလောက်အောင်ခမ်းနားတင့်တယ် ခဲ့သည်။
လွတ်လပ်ရေးအတွက် အရေးဆို ရန်မြန်မာကိုယ်စားလှယ် သုံးဦး လန်ဒန် သွားခဲ့ပုံကို ရေးဖွဲ့ရာတွင်-
''သြော်...ပြေအမှုပင်မို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွဲ့
သပြေနုချိန်တင်ရန် ပန်းတွေက
လည်းများလိုက်ပါဘိသနှင့်
ဖေ၊ ပု၊ ရှိန် အင်္ဂလန် နန်းမြေသွားတို့ မှာဖြင့်''
အစရှိသည့် မဟာကဗျာလေးချိုးကြီး ဖွဲ့ဆိုအားပေးခဲ့သည်။
မြန်မာ့ဘဝ၊ မြန်မာ့အတွေ့အကြုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့မှ ပေါက်ဖွားလာသော မြန်မာ့ကဗျာသည် ကိုလိုနီခေတ်တွင် မြန်မာ့အငွေ့အသက် မြန်မာ့ရနံ့တွင် အင်္ဂလိပ်ကဗျာ၏ အသွေး အရောင်ရောလာသည်ကို တွေ့ရသည်။ ထိုခေတ်မှာ ရန်ကုန်တက္ကသိုလ်လူငယ် များက ၁၉၃ဝ ပြည့်နှစ်တစ်ဝိုက်တွင် လမ်းသစ်ခင်းလိုက်သော ခေတ်စမ်းစာပေ လှုပ်ရှားမှုပင်ဖြစ်သည်။
''မြေအုတ်တို့ပြိုလေရာ ကျောက် အုတ်တို့ဖြင့် တည်ဆောက်အံ့''ဟူသော ဂန္ထလောကမဂ္ဂဇင်းစာပေပျိုးခင်းမှ ဖူး သစ်ဝေဆာလာသော ခေတ်စမ်းကဗျာ သည် ဂန္ထဝင်လမ်းရိုးမှ ခွဲထွက်၍ တစ် ခေတ်စမ်းသပ်သောကဗျာများ ဖြစ်လာ သည်။ လမ်းရိုးဟောင်းတွင် ဆင့်ကာ ထွင်လာကြသည်။ အင်္ဂလိပ်စာဆိုကြီးများ ၏ အတွေးအခေါ်၊ အရေးအဖွဲ့၊ သြဇာ များ တစိမ့်စိမ့်ဝင်ရောက်လာပြီး မြန်မာ့ ရေခံ၊ မြေခံနှင့် လိုက်လျောညီထွေဖြစ် သော စာပေအဆင်တန်ဆာသစ်ကို ဆင် မြန်းလာသည်။
ဤသို့ဖြင့် ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင် စသည့်ခေတ် စမ်းစာဆိုတို့ ထွန်းကားလာ၏။ ကဗျာ ဖတ်ပရိသတ်ကလည်း ထူးခြားလာသော ခေတ်စမ်းစာပေများကို လက်ခံဖတ်ရှုနှစ် သက်စ ပြုကြသည်။ ခေတ်စမ်းတွင် ဂန္ထ ဝင်မြန်မာကဗျာ၏ အရောင်၊ အင်္ဂလိပ် ရောမန်တစ်စာဆိုတို့၏ အရောင်နှင့် ဝံသာနုမျိုးချစ်စိတ်ဓာတ်အရောင်၊အရောင် သုံးရောင်ဟပ်လျက်ရှိသည်ဟု ခေတ်စမ်း စာဆိုခေါင်းဆောင် ဆရာဇော်ဂျီက ညွှန် ပြခဲ့သည်။
ဂန္ထလောကပျိုးခင်းမှ ထွန်းသစ်လာသော ကဗျာ သစ်တို့သည် ခိုင်ခိုင်မာမာ တင့်တယ်ဝေဆာလာခဲ့ သည်ကို တွေ့ရပေသည်။ စကားတန်ဆာဖယ်ရှား၍ မိမိတို့ စေတနာသက်ရောက်ရာ၊ အတွေးÓဏ် ကွန့် မြူးရာကိုသာ တိကျသောအရပ်သုံးစကားဖြင့် ဖွဲ့ဆို ခဲ့သည်ကို တွေ့ရှိရသည်။ မျိုးချစ်စိတ်ဓာတ်ကို လှုံ့ ဆော်ရာ၌ လိုအပ်သည့်စကားကိုသာ ကျစ်လျစ်စွာ ဖွဲ့တတ်ပုံကို ဇော်ဂျီ၏ရှေးခေတ်ပုဂံပြည်ကဗျာနှင့် ဆရာမင်းသုဝဏ်၏ လွတ်လပ်ရေးတောင်းဆိုသော ကဗျာသံမှာ မြန်မာ့နိမိတ်ပုံ သပြေပန်းကိုတင်စား၍ဖွဲ့ ဆိုထားရာ လူထုအဖို့အားမာန်ဖြစ်ပေါ်လာစေသည်။
ဆရာဇော်ဂျီ၏ ပိတောက်ပန်းကဗျာတွင် လူ သား၏ဂုဏ်ကိုဖွင့်ဆိုထားသည်။ အသက်ဝင်အောင် ဖွဲ့ဆိုနိုင်စွမ်းရှိ၏။ ကုန်းဘောင်ခေတ်စာဆိုတော် ဦးကြော့၏ ပိတောက်ပန်းနှင့်မတူ တစ်မူခြားနားခဲ့ သည်။
ဆရာဇော်ဂျီသည် ဗေဒါလမ်းကဗျာရှည်ကြီးကို လေးနက်သောဘဝအမြင်ဖြင့် ဖွဲ့ဆိုခဲ့ပြန်သည်။ ခေတ်သစ်မြန်မာစာပေသမိုင်းတွင် ထူးခြားသော ကဗျာကြီးဖြစ်သည်။ ဆရာဇော်ဂျီကဲ့သို့ ထိပ်တန်း စာဆိုကြီး ဆရာမင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာကလည်း အလွန်နှစ်သက်ဖွယ်ကောင်းပါ သည်။
ကဗျာဆရာတင်မိုးကလည်း အညတရ ဖန်မီး အိမ်ကလေးအကြောင်းကိုဖွဲ့ရာတွင် ''သဘာဝလျှင်၊ အလှကိုယ်စီ၊ စွမ်းရည်ကိုငှ၊ လက်ဆောင်ငှ၏။ အလှဝန်တို၊ မငြင်ငြိုနှင့်၊ ဝန်တိုမှုသာ၊ မလှရာ တည့်'' စသောအလှကိုယ်စီကဲ့သို့ ကဗျာမျိုးကို ဖွဲ့ခဲ့သူဖြစ်ပါသည်။
ကဗျာဆိုသည်မှာ ဘာသာစကား တစ်ရပ်၏ အညွှန့်အဖူးဖြစ်သည်။ ကဗျာသည် ကဗျာဆရာက သူ့ဘဝအတွေ့အကြုံ၊ စိတ်ကူးစိတ်သန်းများကို အကောင်းဆုံးစကားလုံးများဖြင့် ရေးဖွဲ့တင်ပြအပ် သော စာပေအနုပညာပုံသဏ္ဌာန်တစ်ရပ်ဖြစ်သည်။
မြန်မာကဗျာ၊ မြန်မာစာ၊ မြန်မာရနံ့စာများ အပေါ်ခံစားနိုင်မှု၊ တွေးတောနိုင်မှုများ ဖြစ်ပေါ်လာ ရန်နှင့် မြန်မာ့ဘဝ၊ မြန်မာ့ဝန်းကျင်လှပဖို့ ကဗျာ များများ၊ စာများများ ဖတ်သင့်လှပေသည်။ အထူး သဖြင့် ဂန္ထဝင်မြန်မာကဗျာများ၏ အမျိုးဂုဏ်ကို တင့်တယ်ဝင့်ထည်စေအောင် ပေးအပ်ခဲ့သည့် အမွေ များကိုလည်း အလေးအနက်ထားလျက် ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းအပ် ပါသည်။