images
UN
UN
မွန်ပြည်နယ်သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုလျော့ကျလာ
နိုင်နိုင်(မွန်) Wednesday, 12 September 2018
မွန်ပြည်နယ်တွင်ယခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယမန်နှစ်ထက် လျော့နည်းသွားကြောင်း ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယမန်နှစ် ဇန်နဝါရီလမှ ဇူလိုင် လအထိ ခရီးသွားဧည့်သည် ၁၅ သိန်းကျော်ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၁ သိန်းကျော်သာ ဝင်ရောက်ထားကြောင်း ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးသန်း ထွဋ်ခိုင်က ပြောသည်။
''အခုချိန်မှာတော့ အရင်နှစ် က ကာလနဲ့နှိုင်းယှဉ်ရင် နည်းနည်း လေးနည်းမှာပေါ့။ သို့သော်လည်း အာရှတိုက်ကပိုများလာတယ်'' ဟု ၄င်းကပြောသည်။
ထိုအခြေအနေကြောင့်လာမည့် ပွင့်လင်းခရီးသွားရာသီအတွက် ခရီးသွားဧည့်သည်များဝင်ရောက် မှုများလာစေရန် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့အာရှဈေးကွက် အဆင့်မြှင့်တင်ခြင်းများကို Pro-motionပေးထားပြီးခရီးစဉ်အသစ် များဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဦးသန်းထွဋ်ခိုင်က ပြောသည်။
''ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ဖို့အတွက် အစိုးရက ကိုယ့် ဒေသမှာရှိနေတဲ့ သမိုင်းဝင်နေရာ တွေ၊ ပြီးတော့ အဆောက်အအုံတွေ ကို ပြန်လည်ဖော်ထုတ်ဖို့လိုတယ်'' ဟု ဧည့်လမ်းညွှန်ကိုအောင်မျိုးက ပြောသည်။
ပြည်နယ်အတွင်းသို့ အများဆုံး လာရောက်သော နိုင်ငံများတွင် ထိုင်း၊ ပြင်သစ်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နိုင်ငံတို့မှ လည်ပတ် ကြပြီး ထိုင်းနိုင်ငံမှ အများဆုံး လာရောက်ကြောင်း သိရသည်။