images
UN
UN
လျှော်ဖြူအရည်အသွေးကျဆင်းခြင်းကြောင့် ဝယ်လိုအားကျဆင်းကာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းခန့်ကျဆင်း
ထက်မြတ်(မန္တလေး) Wednesday, 12 September 2018
မိုးရွာသွန်းမှုများကြောင့် လျှော် ဖြူစိုက်ခင်းများထိခိုက်ခဲ့ပြီး အရည် အသွေးကျဆင်းခဲ့ခြင်းနှင့် အဓိက ဝယ်ယူနေသောတရုတ်နိုင်ငံကဝယ် ယူမှုလျှော့ချလိုက်ခြင်းကြောင့် တစ် ပိဿာလျှင် ကျပ်တစ်သောင်းခန့် ဈေးနှုန်းကျဆင်းလာကြောင်းလျှော် ဖြူစိုက်ပျိုးသူများထံမှ သိရသည်။
''မိုးဖျက်တဲ့အတွက် လျှော်ဖြူ တွေကအရည်အသွေးမကောင်းဘူး။ တရုတ်ကလည်း အခုလိုအချိန်ဆို ရင် ဈေးပေးဝယ်ယူမှု မပြုလုပ်ကြ ဘူး။ ဒါကြောင့် ဝယ်လိုအားကျ လာပြီး ဈေးလည်းကျဆင်းလာတာ ဖြစ်တယ်။ ဒီလအတွင်းမှာ ဈေးက တော့ တက်ဖို့ မမြင်ပါဘူး''ဟု လျှော်ဖြူစိုက်ပျိုးသူ ဦးကျန်ဝေက ပြောသည်။
ဈေးကွက်အတွင်းတွင် အမျိုး အစားပေါ်မူတည်ကာ ကြာဆံမျှင်၊ ရေခဲသား၊ ကြိုးလျှော်ဖြူ စသည် ဖြင့် ခွဲခြားကာ ဈေးနှုန်းသတ်မှတ် ဝယ်ယူနေကြပြီး ထိုအဆင့်ထက် နိမ့်သောလျှော်ဖြူများရှိပြီး ယင်း တို့အား ပြည်တွင်းတွင်စားသုံး ကုန်အဖြစ်ထုတ်လုပ်ကြကာ အမျိုး အစားအားလုံးမှာ ဈေးနှုန်းကျဆင်း လျက်ရှိကြောင်း သိရသည်။
''အရင်ကထိပ်စအကောင်းဆုံး ဆိုရင် ကျပ် ၅ဝဝဝဝ အထိ ဈေး ပေးဝယ်ခဲ့ပေမယ့် အခုကျတော့ ၂ဝဝဝဝ ကျော်လောက်ပဲ ဈေးပေး မယ်။ အဲဒါကလည်း ဈေးကောင်း လာရင် ပြန်ရောင်းရအောင် အဝယ် ဒိုင်တွေက ဝယ်ယူနေတာမျိုးက များတယ်''ဟု မန္တလေးမြို့ လျှော် ဖြူအဝယ်ဒိုင်ဦးလင်းကပြောသည်။
တရုတ်နိုင်ငံတစ်ခုတည်းကိုသာ မှီခိုကာရောင်းချနေခြင်းကြောင့် ¤င်းတို့မဝယ်လျှင် ဈေးနှုန်းကျဆင်း နေသည့်ဖြစ်စဉ်မျိုး မဖြစ်စေရန် အတွက် ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ကိုရီးယားနိုင်ငံဈေးကွက် များသို့တင်ပို့ခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှော်ဖြူစိုက်ပျိုးသူများကလည်း အသင်းအဖွဲ့တစ်ခုအနေဖြင့် မှတ် ပုံတင်ကာပြည်ပသို့တင်ပို့ခွင့်ရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း သိ ရသည်။
ထို့အတွက် လျှော်ဖြူအား ပြည်ပတင်ပို့ခွင့်ရရှိရန်မလုပ်ဆောင် မီတွင် သုတေသနပြုလုပ်ခြင်း၊ စာတမ်းပြုစုခြင်း၊ နည်းပညာဖြန့် ဝေခြင်းတို့ကိုပြုလုပ်ကာ လျှော်ဖြူ စိုက်ဧက ဧရိယာတိုးချဲ့ခြင်း၊ ဈေး ကွက်ရှာဖွေမှုလုပ်ငန်းများကို လုပ် ဆောင်ခြင်းတို့ကို တစ်ဆက်တစ် စပ်တည်း လုပ်ဆောင်ရန်လိုအပ် ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံ များက အမှန်တကယ် ဝယ်ယူလာ လျှင် မိမိတို့ထံရှိနေသော လျှော် ဖြူအရည်အသွေးနှင့် ထွက်ရှိသည့် ပမာဏကိုပြသကာ ဈေးကွက်တင် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ စိုက် ပျိုးသည့် တောင်သူများမှာလည်း နည်းပညာများကိုရရှိကာဈေးကွက် ခိုင်မာရရှိလာပြီး ပိုမိုစိုက်ပျိုးမှုများ ကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ် ကြောင်း ထန်းညီနောင်ပျိုးဥယျာဉ် မှ ဦးသက်လွင်က အကြံပြုပြော ကြားခဲ့သည်။