images
UN
UN
ပြည်တွင်းဈေးကွက်တွင် ရွှေဈေးနှုန်းများ ဆက်လက်မြင့်တက်
သုခ Thursday, 13 September 2018
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမှာ ယခုလ ၁ဝ ရက် တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။
ယခုလ ၁ဝ ရက်တစ်ရက်တာအတွင်း ဈေးကွက်အဖွင့်ဈေးနှင့် အပိတ်ဈေးမှာ ငွေကျပ် ၃၂ဝဝ ခန့် ကွာခြားသွားခဲ့ပြီး စံချိန်သစ် တင်ရသောအခြေအနေမျိုးအထိ မြင့်တက်သွားခဲ့ကြောင်း ရွှေလုပ် ငန်းရှင်များထံမှ သိရသည်။
''ကမ္ဘာ့ဈေးက ဒီလောက်မတက်ပေမယ့် ဒေါ်လာငွေလဲနှုန်း တွေဟာ မတည်ငြိမ်တာကြောင့်ဖြစ်ပါတယ်''လို့လည်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်းမြင့် က ပြောသည်။
အဆိုပါ ယခုလ ၁ဝ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၁၉၄ ဒေါ်လာ သာရှိသော်လည်း မြန်မာ့ဈေးအနေဖြင့် မနက်ဈေးကွက်အဖွင့်တွင် အကယ်ဒမီမီးလင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၈၅ဝဝဝ နှုန်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း ညနေဈေးကွက်ပိတ်ချိန်တွင် ကျပ် ၉၈၈၂ဝဝ နှုန်းကို မြင့်တက်လာခဲ့ကာ စံချိန်သစ်တင်ရလောက်သော အခြေအနေမျိုးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရွှေဈေးကွက်အတွင်း လွန်ခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ နှင့်သြဂုတ်လအတွင်း စံချိန်သစ်တင်ခဲ့ရသော ဈေးနှုန်းအခြေအနေ ဖြစ်ခဲ့သော်လည်း ယင်းဈေးနှုန်းကိုကျော်လွန်ကာ စံချိန်သစ်တင်သွား ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းမှာ ယခုလ ၁၁ ရက်တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၉၉ဝဝဝဝ ဖြစ်ခဲ့ပြီး ၁၂ ရက်တွင် ကျပ် ၉၉၂ဝဝဝ အထိဈေးမြင့်တက်ခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးမှာ ၁၁၉၅ ဒေါ်လာဝန်းကျင်တွင် ဈေးငြိမ်နေကြောင်း သိရသည်။