images
UN
UN
သွေးလွန်တုပ်ကွေးအသိပညာပေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
အောင်စိုးဖေ(မြင်းမူ) Thursday, 13 September 2018
ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်း၊ ကုသပေးခြင်းနှင့် ဆေးတိုက်ကျွေး ခြင်းလုပ်ငန်းများကို ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း ခရိုင် မြင်းမူမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌စတင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သွားနှင့်ခံတွင်း သန့် ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် သွေးလွန်တုပ်ကွေးမဖြစ် ပွားရန် ပြုမူနေထိုင်ရေးတို့နှင့် ပတ် သက်၍ သက်ဆိုင်ရာ ဆရာဝန် ဆရာမများက အသိပညာပေးဆွေး နွေးဟောပြောကြသည်။ ယင်း နောက် မြို့နယ်ပြည်သူ့ဆေးရုံသွား နှင့်ခံတွင်းဌာနမှ ဒေါက်တာ ပြည့် စုံကျော်၊ ဒေါက်တာငြိမ်းခန့်ကျော် တို့က သွားရောဂါသံသယရှိသည့် ကျောင်းသား ကျောင်းသူများကို သွားရောဂါစစ်ဆေးခြင်း၊ သွား နုတ်ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြသည်။ ဆက်လက်၍ မိခင် နှင့် ကလေးစောင့်ရှောက်ရေးဌာနမှ ဆရာမဒေါ်ဘေဘီက သွေးလွန် တုပ်ကွေးမဖြစ်ပွားရေးအတွက် ပြုမူနေထိုင်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးဆွေးနွေးခဲ့ကြကာ ကျောင်းသားကျောင်းသူများအား သန်ချဆေးများ တိုက်ကျွေးခဲ့ကြ ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်မြင့်မြင့်နှင့် အတန်းပိုင် ဆရာ ဆရာမများ တက်ရောက် ကြပြီး ကျောင်းသား ကျောင်းသူ ၁၂ဝဝကျော်တို့အား အသိပညာပေး ခြင်း၊သွားနှင့်ပတ်သက်သောကျောင်း သားကျောင်းသူများအား သွားနုတ် ခြင်း၊ဆေးတိုက်ကျွေးမှုများဆောင် ရွက်ခြင်းများပြုလုပ်ခဲ့ကြပြီးမြို့ပေါ် ကျောင်းများအားလုံးတွင် ယခု ကဲ့သို့ ကျောင်းကျန်းမာရေးစောင့် ရှောက်မှုများဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရသည်။