images
UN
UN
ပြည်တွင်းရှိဆန်ဈေးကွက်တွင် လက်လီဈေးများက ဆန်အချောတစ်တင်းခွဲတစ်အိတ်ကို ကျပ် ၆ဝဝဝ အထိမြင့်တက်လာ
သူရကို Friday, 14 September 2018
ပြည်တွင်းရှိ ဆန်ဈေးကွက် တွင် လက်လီရောင်းချနေသော ဈေးများ၌ ဆန်အချောဈေး တစ် တင်းခွဲတစ်အိတ်ကို ငွေကျပ်၆ဝဝဝ အထိ မြင့်တက်လာကြောင်း အင်း စိန်ဈေးရှိ လက်လီရောင်းချသည့် ဆန်ဆိုင်များမှ သိရသည်။
ယခင်က ကျားပျံဆန်အချော တစ်တင်းခွဲတစ်အိတ်ကို ငွေကျပ် ၄၇ဝဝဝ မှ ယခုငွေကျပ် ၅၃ဝဝဝ၊ ပေါ်ဆန်းတစ်တင်းခွဲတစ်အိတ် ငွေ ကျပ် ၄၆ဝဝဝ မှ ယခုငွေကျပ် ၅၂ဝဝဝအထိမြင့်တက်လာကြောင်း သိရသည်။
ထို့အပြင် တစ်ပတ်အတွင်း ဆန်ကြမ်းဈေးများသည်လည်း တစ်တင်းခွဲတစ်အိတ်ကို ငွေကျပ် ၁ဝဝဝ ကျော် မြင့်တက်လာ ကြောင်း အင်းစိန်ဈေးက လက်လီ ရောင်းချသူများက ပြောသည်။
အင်းစိန်ဈေးက လက်လီ ရောင်းချသူတစ်ဦးက''အခုလိုဈေး တက်လာတာဟာ လက်ကား ရောင်းတဲ့ကုန်စည်ဒိုင်မှာပါ ဈေး တက်နေတာဖြစ်ပြီး ဆန်အဝင်နည်း လာတာကြောင့် ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
စားသုံးသူ အိမ်ရှင်မများက ဆန်ဈေးတက်လာခြင်းကြောင့် ယခင် ဆန်အိတ်လိုက်ဝယ်နေရာမှ ယခုခွဲဝယ်နေရကြောင်း အင်းစိန် ဈေးတွင် လာရောက်ဝယ်ယူသူ တချို့က ပြောသည်။
လက်လီရောင်းချသော ဈေး သည်များက လက်ရှိတွင် ဆန်ဈေး ပြန်ကျဖို့မရှိဘဲ ဆန်အသစ်ပေါ်ချိန် မှသာ ဈေးပြန်ကျနိုင်ကြောင်း လက်လီရောင်းချနေသူများက ခန့် မှန်းထားခြင်းဖြစ်ကြောင်း သိရ သည်။
ဆန်ဈေးမြင့်တက်လာခြင်း ကြောင့် လက်လီရောင်းသူများ အနေဖြင့် အရောင်းအဝယ်အေး နေကြောင်း ဆိုသည်။
ဝါးတန်းလမ်း ဆန်ကုန်စည် ဒိုင်၏ ယမန်နေ့က ဆန်ဈေးနှုန်း များအရ ဆန်ချောအမျိုးအစား ရွှေ ဘိုဆန်တစ်အိတ်ကို ငွေကျပ် ၆၃ဝဝဝ ၊ မြောင်းမြဆန်တစ်အိတ် ကို ငွေကျပ် ၅၅ဝဝဝ ဝန်းကျင်၊ ဆန်ကြမ်းဈေးက တစ်အိတ်ကိုငွေ ကျပ် ၂၇ဝဝဝ ဝန်းကျင်ရှိနေ ကြောင်း သိရသည်။