images
UN
UN
ပြည်ခိုင်ဖြိုးပါတီလှူဒါန်းမှုဖြင့် ချောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်
ဖြိုးမောင်ဇော်(မအူပင်) Friday, 14 September 2018
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီကော် မတီဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီ ၌ မအူပင်မြို့နယ် ကံကုန်းကျေးရွာအုပ်စုရှိ ကန်သာယာချောင်း အရှည်ပေ ၃၅ဝဝ အား ဘက်ဟိုးဖြင့် တူးဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဘက်ဟိုးစက်အား မအူပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနာယက၊ အေဝမ်း ကုမ္ပဏီများဥက္ကဋ္ဌဦးရန်ဝင်းမိသားစုမှ လှူ ဒါန်းထားခြင်းဖြစ်ပြီး ယခုတူးဖော်မှုအပေါ် ကုန်ကျသည့် စက်သုံးဆီအား ကျီးချောင်း ကျေးရွာအုပ်စုနှင့် ညောင်ဝိုင်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူများထည့်ဝင်လှူဒါန်း ခြင်းဖြစ်ကြောင်းလည်း သိရသည်။