images
UN
UN
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုလဲမှုဖြစ်ပွား
ဇေယျာထွန်း(ကြို့ပင်ကောက်) Monday, 17 September 2018
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် တွင် ယမန်နေ့ ညနေ ၆နာရီ ၁၅မိနစ်က အချိန်အခါမဟုတ် လေ ပြင်းတိုက်ခတ်မှုကြောင့် ရုံးချောင်းအုပ်စုဆည်တော်ဦးကျေးရွာတွင် ပြိုလဲနေအိမ်နှစ်လုံး အမိုးလန် ငါးလုံးနှင့်သင်္ခရိုင်ကျေးရွာတွင် ပြိုလဲ နေအိမ်တစ်လုံး၊ အမိုးလန်တစ်လုံး စုစုပေါင်းနေအိမ် ကိုးလုံး ပျက်စီး ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ကိုးလုံး၏ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၆၄ဝဝဝဝဖြစ်ပြီး လေပြင်းတိုက်ခတ်ခံရသော အိမ်ထောင်စု ကိုးစု၊ ကျား ၁၄ဦး၊ မ ၁၇ဦး စုစုပေါင်း ၃၁ဦးကို ၄င်းတို့၏နေအိမ်များ၌ပင် ယာယီနေထိုင်နိုင်ရန်စီစဉ်ပေးထားလျက် ရှိကြောင်းနှင့် လူနှင့်ကျွဲနွားတိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။