images
UN
UN
သဘာဝဘေးအန္တရာယ်မှကင်းဝေးစေရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလက်တွေ့သရုပ်ပြ
စိုင်းယောင်းခမ်း Monday, 17 September 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နယ်တွင် ပြည်သူများသဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် သံဃာတော်ငါးပါးဖြင့် မဟာ သမယသုတ်အဆက်မပြတ် ရွတ် ဖတ်ပူဇော်ခြင်းကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်ထေရဝါဒ ဗုဒ္ဓသာ သနာပြု(ဗဟို)ကျောင်းတိုက်၌ စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။
မိုင်းယောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက် ဖြစ်ပွားလာပါက ရင်ဆိုင်ကျော် လွှားနိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ လက် တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီက (၈)ရပ်ကွက်ရှိ နောင်ခမ်းကန်၌ပြုလုပ်ခဲ့ရာ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် များနှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ များ၊ ကြက်ခြေနီနှင့် မီးသတ်တပ် ဖွဲ့ဝင်များနှင့်အတူ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။